25 C
Yangon

သံတွဲလေဆိပ်တွင် စစ်တပ်က တပ်စွဲထားပြီး AA ၏ထိုးစစ်ကို ခုခံနေ

Must read

သံတွဲလေဆိပ်တွင် စစ်တပ်က တပ်စွဲထားပြီး AA ၏ထိုးစစ်ကို ခုခံနေ

ရန်ကုန်| ဇွန် ၆

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသည့် ဂေါ့တောင်အနီး သံတွဲလေဆိပ်တွင် စစ်ကောင်စီက အမြောက်တပ်ရင်း တပ်စွဲထားသည့်အပြင် တိုက်လေယာဉ်များဖြင့် အထိုင်ချကာ AA ထိုးစစ်အား ခုခံနေကြောင်း သိရှိရသည်။

ရခိုင်ပြည် သံတွဲမြို့နယ် ငပလီမြို့ထဲနှင့် ၃ မိုင်ခန့်အကွာ ဂေါ့ရပ်ကွက် ဂေါ့တောင်တွင် စစ်ကောင်စီနှင့် AA တို့ ဇွန်လ ၂ ရက်နေ့ ညနေပိုင်းကစ၍ ယနေ့အချိန်အထိ တိုက်ပွဲများပြင်းထန်လျက်ရှိကြော်ငး၊ ဂေါ့တောင်နှင့် ငပလီမြို့ထဲရှိ သံတွဲလေဆိပ်မှာ နှစ်မိုင်ခန့်သာ ဝေးကွာပြီး စစ်ကောင်စီက ခရီးသည်လေယာဉ်များကို ပိတ်ပင်၍ လေဆိပ်ကို စစ်ရေးအတွက် အသုံးပြုလျှက်ရှိကြောင်း စစ်ရေးအခြေအနေသိသူတစ်ဦးက ပြောသည်။

” သံတွဲလေဆိပ်ကို စစ်ကောင်စီက စစ်ရေးအတွက် အသုံးပြုနေတယ်။ ခရီးသည်လေယာဉ်တွေအားလုံးကို ပိတ်လိုက်ပြီး သူတို့ တိုက်လေယာဉ်တွေ အထိုင်ချထားတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတွေ၊ တိုက်ပွဲမရှိရင်လည်း အရပ်သားကျေးရွာတွေကို တိုက်လေယာဉ်တွေနဲ့ ခေါက်တုန်းခေါက်ပြန် နေ့စဉ် သွားပစ်ခတ်နေတယ်။ သံတွဲလေဆိပ်မှာ အမြောက်တွေတပ်ဆင်ပြီး ဟိုနေ့ကဆို ဆင်ခေါင်းရွာကို တရပ်စက်ပစ်ခတ်တာ။ ” ဟု ဒေသပြည်သူက ပြောသည်။

ဒေသပြည်သူများပြောပြချက်အရ သံတွဲမြို့နယ် ဂေါ့ရပ်ကွက်အနီးရှိ ဂေါ့တောင်နှင့် ရွှေလှော်ကျေးရွာအနီးတွင် တိုက်ပွဲများပြင်းထန်လျှက်ရှိနေပြီး AA ၏ ထိုးစစ်သည် သံတွဲမြို့နှင့် ၆ မိုင်ပတ်လည်သို့ ရောက်ရှိနေပြီဖြစ်သည်။

” သံတွဲမှာက တပ်ရင်း နှစ်ခုနဲ့ ရေတပ်တစ်ခုပဲရှိတယ်။ စစ်ကောင်စီအတွက် တပ်ရင်း အရမ်းနည်းတယ်ပေါ့နော်။ ဒါ့ကြောင့် သံတွဲလေဆိပ်မှာ အင်အားထပ်ဖြည့်ပြီး အမြောက်တပ်ရင်း အထိုင်ချတဲ့အပြင် တိုက်လေယာဉ်တွေကိုပါ ထားရှိထားတာ။ သံတွဲမြို့၊ ငပလီမြို့ မဆုံးရှုံးရအောင် စစ်ကောင်စီဘက်က AA ထိုးစစ်ကို အပြင်းအထန် ခုခံမယ်ဆိုတဲ့သဘောပေါ့။ ” ဟု သံတွဲမြို့မှ ပြည်သူတစ်ဦက ပြောသည်။

သံတွဲမြို့နှင့် ငပလီမြို့အတွက် စစ်ကောင်စီမှာ ခလရ ၅၅၊ ခမရ ၅၆၆ တပ်ရင်းနှစ်ခုနှင့် မောင်ရွှေလေး ရေတပ်တစ်ခုသာရှိပြီး ၎င်းတို့ကို အင်အားဖြည့်တင်းသည့်အနေဖြင့် သံတွဲလေဆိပ်ကို စစ်ရေးအတွက် အသုံးပြုနေခြင်းဖြစ်သည်။

စစ်ကောင်စီက သံတွဲလေဆိပ်တွင် တပ်စွဲပြီးနောက် သံတွဲတစ်မြို့နယ်လုံးကို တိုက်ပွဲဖြစ်ပွားနေသည်ဖြစ်စေ၊ တိုက်ပွဲ မရှိသည်ဖြစ်စေ ကျေးရွာများကို ဇွန်လ ၂ ရက်နေ့မှစတင်၍ လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် စစ်ကောင်စီက ဒဏ်ရာရ စစ်သည်များကို သံတွဲလေဆိပ်မှ တစ်ဆင့် ငပလီကမ်းခြေသို့ ပို့ဆောင်ခဲ့သည့် အပန်းဖြေခရီးစဉ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article