29 C
Yangon

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ ခလရ ၂၅၀ ၏ ရှေ့တန်းစခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ ခလရ ၂၅၀ ၏ ရှေ့တန်းစခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ၊ မံစီမြို့နယ် ၊ ခလရ ၂၅၀ ၏ ရှေ့တန်းစခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းမှ စစ်သားများ အကုန် ထွက်ပြေးကြကြောင်း သိရှိရသည်။

“စခန်းကုန်းက စစ်သားတွေ အကုန်ထွက်ပြေးသွားကြတာ။ စခန်းသိမ်းတိုက်ပွဲမှာ သေဆုံးတဲ့ စစ်သားအရေအတွက်နဲ့ လက်နက်ခဲယမ်းရရှိမှု စာရင်းအသေးစိတ်မသိရသေးဘူး။ စိစစ်နေတုန်းပဲ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဆွမ်ပီယာန်ကျေးရွာရှိ စစ်ကောင်စီစခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ပြီး သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article