25 C
Yangon

Chinland Council က ချင်းပြည်အစိုးရ အဖွဲ့ ဖွဲ့စည်း

Must read

ရန်ကုန် | ဖေဖော်ဝါရီ ၂

ချင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ချင်းပြည်အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပြီလို့ ချင်းလဲန်းကောင်စီ (Chinland Council)က ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ချင်းပြည်အစိုးရအဖွဲ့ကို ချင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း ၉ ပုဒ်မ ၃၂ (က)အရ ဖွဲ့စည်းလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းလဲန်းကောင်စီက အခုစတင်ဖွဲ့စည်းလိုက်တဲ့ ချင်းပြည်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်၁ဦး၊ ဝန်ကြီး ၁၄ဦးနဲ့ ရှေ့နေချုပ်၁ဦးတို့ပါဝင်ပြီး တရားသူကြီးချုပ်နဲ့ တရားသူကြီး ၂ဦးပါဝင်တဲ့ တရားလွှတ်တော်ချုပ်ကိုလည်း တဆက်တည်း ဖွဲ့စည်းလိုက်တာတွေ့ရပါတယ်။

ထပ်မံပြီး ချင်းပြည် စာရင်းစစ်ချုပ်ကိုလည်း ခန့်အပ်လိုက်တယ်ဆိုတာကို ချင်းလဲန်းကောင်စီက ထုတ်ပြန်ပါတယ်။

ချင်းလဲန်းကောင်စီက ညီလာခံပထမသက်တမ်း ဒုတိယအကြိမ်ကောင်စီအစည်း အဝေးကို ကောင်စီအဖွဲ့ဝင် ၁၀၀ဦးနဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နဲ့ ၃၁ ရက်နေ့ တွေမှာ ချင်းလုံမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဒီအစည်းအဝေးက အစိုးရ အဖွဲ့ဝင်အမည်စာရင်းတွေကို အတည်ပြုပြီး လွှတ်တော်အပါအဝင် အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article