25 C
Yangon

ဂန့်ဂေါတွင် စခန်းစွန့်ခွာ ထွက်ပြေး လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ အုတ်တွင်းမြို့နယ်၊ ညောင်ချေထောက်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စခန်းမှူး ပြင်းထန် ဒဏ်ရာရ

Must read

ဂန့်ဂေါတွင် စခန်းစွန့်ခွာ ထွက်ပြေး လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ အုတ်တွင်းမြို့နယ်၊ ညောင်ချေထောက်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စခန်းမှူး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာတမံပေါ်မှ တပ်ဆုတ်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက ဂန့်ဂေါမြို့နယ်၊ မြစ်သာတမံတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် စခန်းစွန့်ခွာပြီး ဂန့်ဂေါမြို့သို့ ဦးတည်ထွက်ခွာခဲ့သဖြင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် မဟာမိတ်အဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ၊ FRF ၊ CDF – KKG နှင့် ဂန့်ဂေါတောင်ပိုင်း ပကဖ အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်သည့် နေရာအား နယ်မြေရှင်းလင်းစဉ် စစ်အသုံးအဆောင် ပစ္စည်းအချို့နှင့် သွေးစွန်းနေသော စစ်ယူနီ‌ ဖောင်းများ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ချေထောက် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ရဲစခန်းမှူး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အုတ်တွင်းမြို့နယ်၊ ညောင်ချေထောက် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူး ပြင်းထန် ဒဏ်ရာ ရရှိပြီး အရေးပေါ်ကားဖြင့် ညတွင်းခြင်း တောင်ပိုင်းတိုင်းစစ်ဆေးရုံ မဆရ ၃ ကို အရေးပေါ်ကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article