19 C
Yangon

မြင်းခြံ၊ စံပြကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိ၊ မြိုင်မြို့ပေါ်ရှိ စစ်တပ်နေရာများကို ဒုံးဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

မြင်းခြံ၊ စံပြကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိ၊ မြိုင်မြို့ပေါ်ရှိ စစ်တပ်နေရာများကို ဒုံးဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျော်ဘွယ်ကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် ယမန်နေ့ ညနေပိုင်း တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် မြင်းခြံမြို့နယ်၊ စံပြကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားကြောင်း၊ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး၏ လက်နက် ၄ လက်ကိုလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းနေရာများကို မြိုင်ပကဖက စစ်အာဏာသိမ်း ၃ နှစ်ပြည့် ဆန့်ကျင်သောအားဖြင့် ဒုံးအလုံး ၅၀ ခန့်ဖြင့် တပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဆင်ရေးတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ဆင်ရေးကို ဗိုလ်မိုးသီး၊ နေမင်း၊ နှလုံးလှလူမိုက်၊ MPL တိုက်နယ် ၄ ပကဖ၊ MVRF၊ အညာဒေါင်း၊ အညာမုန်တိုင်း၊ Gen 21၊ Mying fighter Eagle Brigade၊ ဉီးလေးကြီး၊ အမေ့သား၊ ထိရှ၊ မိုင်းတထောင်ဗိုလ်ပြောင်၊ မောင်ကင်း

မောင်ရိူင်း ၊ ဂိတ်ဆုံး၊ ဒေါင်းလံလွင့်မည့်စေတမန်၊ သူရိန်၊ ဘငြိမ်းပျောက်ကျား၊ Fighter မြွေဆိုး ၊ ဇင်မင်းလက်နက်ကြီးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် တိုက်ခိုက်ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article