25 C
Yangon

လှိုင်သာယာရှိ KNU/ KNLA ( PC )မှ ဗိုလ်မှူး၏ နေအိမ်ကို ဗုံးဖြင့်တိုက် ခိုက်မှု ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ ၊ ကျူးကျော် မြေယာရှင်းလင်းသည့် ကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ကြီးနှင့် ပျူစောထီးတို့က ဗုံးပြန်ခွဲဟုဆို

Must read

လှိုင်သာယာရှိ KNU/ KNLA ( PC )မှ ဗိုလ်မှူး၏ နေအိမ်ကို ဗုံးဖြင့်တိုက် ခိုက်မှု ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ ၊ ကျူးကျော် မြေယာရှင်းလင်းသည့် ကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ကြီးနှင့် ပျူစောထီးတို့က ဗုံးပြန်ခွဲဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာရှိ KNU/ KNLA ( PC ) ဗိုလ်မှူး၏ နေအိမ်တွင် ဖေဖော်ဝါရီလ ၂ရက်နေ့ညပိုင်း ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ လူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၇ နာရီကျော်အချိန်လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာရှိ KNU/ KNLA ( PC ) ဗိုလ်မှူး၏ နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှု မဖြစ်ခင် အဆိုပါ နေအိမ်၌ ဝါဝါဝင်းကုမ္ပဏီ၏ တာဝန်ခံတစ်ဦး နှင့် KNU/KNLA ( PC ) ဗိုလ်မှူးတို့ ဆွေးနွေးစကားပြောနေခဲ့ကြကြောင်း၊ စကားပြောဆိုနေသည့်အချိန် အအေးဘူးခွံအရွယ်အစားနှင့် ကြွပ်ကြွပ်အိတ်အဖြူရောင် ပတ်ထားသည့် လက်လုပ်ဗုံးတစ်ခုဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း၊ ထို ပေါက်ကွဲမှုကြောင့် မြေယာများ သိမ်းဆည်းထားသူ ဝါဝါဝင်းကုမ္ပဏီတာဝန်ခံကိုသက်မှာ ဗိုက်ပေါက်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း၊ ဝါဝါဝင်းကုမ္ပဏီမှ ၂ ဦးနှင့် KNU/KNLA(PC) ဗိုလ်မှူး၏ အမျိုးသမီး၊ သမီးငယ်နှင့် တူမ တို့ စုစုပေါင်း ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“သူက နေအိမ်လည်းဟုတ်တယ်။ အရက်ဆိုင်လည်း ဟုတ်တယ်။ ရွှေအိမ်စည်အရက်ဆိုင်။ ဝါဝါဝင်းကုမ္ပဏီက လှိုင်သာယာမှာ သူတို့ ဝယ်ထားတဲ့ မြေယာတွေအတွက် ကျူးရှင်းလင်းရေးလုပ်နေတာရှိတယ်။ အဲဒါ ပျူစောထီးနဲ့ အုပ်ကြီးတွေက မကျေနပ်ဘူး။ ကျူးရှင်းတာ သူတို့ကို မသုံးလို့ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လှိုင်သာယာတွင် ဝါဝါဝင်း ကုမ္ပဏီက ယခုရက်ပိုင်းအတွင်း ကျူးကျော်များကို စီမံကိန်းဖြင့် ရှင်းလင်းနေကြောင်း၊ ထို့ကြောင့် ဗုံးပေါက်ကွဲမှုသည် စစ်ကောင်စီထောက်တိုင် ရပ်ကွက် အုပ်ကြီးနှင့် ပျူစောထီးများက ကျူးကျော်ရှင်းလင်းရာတွင် ၎င်းတို့ကို ကျော်လွန်၍ လုပ်ဆောင်သည့်အတွက် ပြန်လည် ဗုံးဖောက်ခွဲခြင်းဖြစ်သည်ဟု သုံးသပ် ပြောဆိုမှုများရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article