25 C
Yangon

စစ်ဗိုလ်ချုပ်များ၏ မိတ်ဖက် စီးပွားရေးသမား Grand Andaman သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင် နှင့် သူဌေး ၁၈ ဦး၏ နေအိမ်များကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့ ဝင်ရောက်စီးနင်းပြီး ပိုင်ဆိုင်မှုများကို ချိတ်ပိတ်

Must read

စစ်ဗိုလ်ချုပ်များ၏ မိတ်ဖက် စီးပွားရေးသမား Grand Andaman သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင် နှင့် သူဌေး ၁၈ ဦး၏ နေအိမ်များကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့ ဝင်ရောက်စီးနင်းပြီး ပိုင်ဆိုင်မှုများကို ချိတ်ပိတ်

ရန်ကုန်| ဇန်နဝါရီ ၃

အကြမ်းဖက် စစ်ကောင်စီမှ ဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်သော မိတ်ဖက်စီးပွားရေးသမားလည်းဖြစ်၊ ထိုင်းနိုင်ငံသား ခံယူထားသူလည်းဖြစ်သူ Grand Andaman ဟိုတယ်ပိုင်ရှင် ဦးကျော်လွင် အပါအဝင် သူဌေး ၁၈ ဦးကို ထိုင်းအာဏာပိုင် အဖွဲ့က ဖမ်း၀ရမ်းထုတ်ထားပြီး ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ထိုင်း သတင်းဌာနများ၏ ရေးသားဖော်ပြချက်များ အရသိရသည်။

ထိုင်းနိုင်ငံ အတွင်း အွန်လိုင်းငွေကြေး ခဝါချမှုနှင့် ရေနံတင်ပို့မှု အခွန်ရှောင်မှုတို့ဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့က ၎င်းတို့ ပိုင်ဆိုင်သော နေအိမ်တို့ကို ဝင်ရောက်စီးနင်းပြီး ပိုင်ဆိုင်မှုများကို လိုက်လံ သိမ်းဆည်း ချိတ်ပိတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေးသားဖော်ပြထားသည်။

၎င်းတို့ ၁၈ ဦးကို ထိုင်း ရဲမှူး Yutthana Praedam အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် DSI အထူးစုံစမ်းစစ်ဆေးရေးဌာနအဖွဲ့က နေအိမ်တို့ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ရနောင်းမြို့များရှိ နေရာ ၂၇ ခုကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ဇိမ်ခံကားများ၊ ရွှေငွေနှင့် လက်နက်များအပါအဝင် ပိုင်ဆိုင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူများကိုလည်း ဖမ်းဆီးရမိထားဟုဆိုသည်။

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် နေထိုင်သူ မြန်မာနိုင်ငံသား တစ်ဦးက “ဖမ်းဆီး စစ်ဆေးမှုတွေတော့ လုပ်နေတာ တွေ့ရတယ်။ လူတွေကိုတော့ ဖမ်းဆီးလိုက်ပြီးလာ ဆိုတာ သေချာတော့ မသိရသေးဘူး၊ သူတို့ ပိုင်ဆိုင်မှုတွေကိုတော့ ထိုင်း အာဏာပိုင်းတွေက ချိတ်ပိတ် သိမ်းဆည်းသွားတာတော့ တွေ့ရတယ် “ဟု ပြော သည်။

ဦးကျော်လွင်၏ ညီဟု ယူဆရသူ၏ ထိုင်းနိုင်ငံ ဘန်ရင်ခရိုင်၊ ရနောင်းခရိုင်၊ ရနောင်းခရိုင်၊ ဖေမိုင်ရပ်ကွက်ရှိ အမှတ် ၅ နေအိမ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့က ထိုင်းအာဏာပိုင်း အဖွဲ့က ဝင်ရောက် စစ်ဆေးပြီးနောက် ထိုင်းဘတ်ငွေ ဆယ်ဘီလီယံကျော်ကို သိမ်းဆည်းသွားကြောင်း သိရသည်။

နောက်ထပ် ထိုင်းအာဏာပိုင်း အထူး စုံစမ်း စစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုများ အရ အထက်ပါ လူ ၁၈ ဦး သည်၊ အွန်လိုင်းလောင်းကစားကွန်ရက်သည်၊ အကောင့်များမှ တစ်ဆင့် ပိုင်ဆိုင်မှုများကို လွှဲပြောင်းရန်နှင့် ရာဇ၀တ်မှုများမှ ရရှိသောငွေများကို ပိုင်ဆိုင်မှု အဖြစ်သို့ ပြောင်းလဲရန်အတွက် ငွေလွှဲနည်းလမ်းများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့ဟု ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

လက်ရှိတွင် Grand Andaman ဟိုတယ်ပိုင်ရှင် ဦးကျော်လွင်အား ဘန်ကောက်မြို့တွင် မှုးယစ်ဆေးဝါး ရောင်း/ဝယ်မှုဖြင့် ဖမ်းဆီးခံထားရကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စုံစမ်းစစ်ဆေးမှုမှ ထွက်ပေါ်လာသော အချက်အလက်များ အရ ၎င်းတို့သည် အွန်လိုင်းလောင်းကစား ပြစ်မှုများနှင့် ငွေကြေးခဝါချမှုတွင် ပါဝင်ပတ်သက်နေသည့် အပြင် အခွန်လိမ်လည်မှု လုပ်ငန်းစဉ်နှင့်လည်း ဆက်စပ်နေကြောင်း တွေ့ရှိရကြောင်း ဆိုသည်။

နိုင်ငံခြား ပြင်ပသို့ လောင်စာဆီ တင်ပို့ခြင်း ဆိုင်ရာ အထောက်အထားအတုများ ဖန်တီးပြီး အခွန်ပြန်အမ်းပေးရန် ပြုလုပ်ထားကြောင်း ထိုင်းသတင်းဌာနများက က ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article