25 C
Yangon

ထိုင်းနိုင်ငံပိုင် PPT နှင့် လက်ခွဲ PTTEP စွမ်းအင်ကုမ္ပဏီက မြန်မာအကြမ်းဖက်စစ်အုပ်စုကို ငွေကြေးပံ့ပိုးနေမှု ရပ်တန့်နိုင်ရေး ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ ထံသို့ အကူအညီတောင်း

Must read

ထိုင်းနိုင်ငံပိုင် PPT နှင့် လက်ခွဲ PTTEP စွမ်းအင်ကုမ္ပဏီက မြန်မာအကြမ်းဖက်စစ်အုပ်စုကို ငွေကြေးပံ့ပိုးနေမှု ရပ်တန့်နိုင်ရေး ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ ထံသို့ အကူအညီတောင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ထိုင်းနိုင်ငံပိုင် PPT နှင့် လက်ခွဲ PTTEP စွမ်းအင်ကုမ္ပဏီက မြန်မာအကြမ်းစစ်အုပ်စုကို ငွေကြေးပံ့ပိုးနေမှု ရပ်တန့်နိုင်ရေး ရွေးကောက်ပွဲအနိုင်ရ Move Forward Party ထံ အိတ်ဖွင့်ပေးစာပေးပို့ အကူအညီတောင်းခံလိုက်ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုထံမှ သိရှိရသည်။

“ထိုင်းနိုင်ငံပိုင်ကုမ္ပဏီဖြစ်သော PPT နှင့် ၎င်း၏ လက်ခွဲ ကုမ္ပဏီဖြစ်သော PTTEP တို့မှ မြန်မာနိုင်ငံရှိ အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် ငွေကြေးများ ဆက်လက်ပေးပို့ နေခြင်းအပေါ် ရပ်တန့်နိုင်ရေးအတွက် “အကူအညီတောင်းခံသော အိတ်ဖွင့်ပေးစာတစ်စောင်” ကို ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲ၏ အနိုင်ရပါတီ ဖြစ်သော ထိုင်း Move Forward Party သို့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သွေးစွန်း ငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money Campaign)နှင့် Extra – Territorial Obligation Watch Coalition (ETOs Watch Coalition)တို့က လူကိုယ်တိုင် သွားရောက် ပေးပို့ခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံပိုင် PTT နှင့် ၎င်း၏လက်ခွဲကုမ္ပဏီ PTTEPကုမ္ပဏိတို့ သည် အကြမ်းဖက်စစ်အုပ်စုကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအား ငွေကြေးထောက်ပံ့ပေးနေခြင်းများ၊ အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့ မှုများကိုကာကွယ်ပေးခြင်းနှင့် ရှောင်ရှားနိုင်ရန် အတွက် ကာကွယ်ကူညီပေးနေကြောင်း၊ အဆိုပါအချက်များကို ထောက်ပြ၍ ထိုင်းနိုင်ငံ၏ လွှတ်တော်မှတစ်ဆင့် PTT ကုမ္ပဏီ၏ မြန်မာနိုင်ငံအပေါ် လူအခွင့်အရေးချိုးဖောက်နေမှုများကို ကူညီစုံစမ်းစစ်ဆေးပေးရန်အတွက် အကူညီတောင်းခံခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီက ရတနာစီမံကိန်းနှင့် ဇောတိ က ကမ်းလွန်ရေနံနှင့်သဘာ၀ဓာတ်ငွေ့ စီမံကိန်း များတွင် လုပ်ငန်းဦးဆောင်သူ Operator အဖြစ် လုပ်ကိုင်လျက်ရှိကြောင်း၊ ထိုစီမံကိန်းမှ ထွက်ရှိသော ဓာတ်ငွေ့များကို PTT က ဝယ်ယူလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လအတွင်း ရေနံနှင့်သဘာ၀ဓာတ်ငွေ့ လုပ်ငန်းတစ်ခုတည်းမှ ဒေါ်လာ သန်းပေါင်း ၁၇၀၀ ကျော် စစ်ကောင်စီ က ရရှိခ့ကြောင်း၊ PTT က ပေးချေနေသော ဓာတ်ငွေ့ ဝင်ငွေများ ကြောင့် မင်းအောင်လှိုင် စစ်အုပ်စုသည် စစ်အသုံးစရိတ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ တိုးချဲ့ အသုံးပြုနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article