34 C
Yangon

မြန်မာ့အရေး ကိုင်တွယ်မည့် အမေရိကန်လွှတ်တော်အမတ်များ ပါဝင်သော Congressional Burma Caucus ဖွဲ့စည်းမည်

Must read

မြန်မာ့အရေး ကိုင်တွယ်မည့် အမေရိကန်လွှတ်တော်အမတ်များ ပါဝင်သော Congressional Burma Caucus ဖွဲ့စည်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မြန်မာ့အရေး ကိုင်တွယ်မည့် အမေရိကန်လွှတ်တော်အမတ်များ ပါဝင်သော Congressional Burma Caucus ဖွဲ့စည်းမည်ဖြစ်ကြောင်း အမေရိကန်လွှတ်တော်အမတ်နှစ်ဦးက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်အာဏာသိမ်းထားသော မြန်မာ့အရေးကို အမေရိကန်အစိုးရက အရေးယူဆောင်ရွက်ရန် အဆိုပါ Congressional Burma Caucus ကို ဖွဲ့စည်းခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်ပြည်နယ်မှ ရီပတ်ဘလီကန် လွှတ်တော်အမတ် Bill Huizenga နှင့် မစ်နီဇိုးတားပြည်နယ် မှ ဒီမိုကရက်တစ် အမတ် Betty McCollum တို့က Congressional Burma Caucus တွင် ဦးဆောင်သူဥက္ကဋ္ဌအဖြစ် တာဝန်ယူကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲအတွက် အမေရိကန်လွှတ်တော်အမတ်များ၏ ထောက်ခံအားပေးမှုကို တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း လွှတ်တော်အမတ်နှစ်ဦး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဟာ လွှတ်တော်ခေါင်းဆောင်တွေဆီက အရေးတကြီး အာရုံစိုက်မှု လိုအပ်နေတဲ့ အဆင့်အထိ တိုးလာပါပြီ” ဟု လွှတ်တော်အမတ်များ၏ ကြေညာချက်တွင် ရေးသားထားသည်။

Congressional Burma Caucus အဖွဲ့တွင် ကနဦးအဖွဲ့ဝင်များအဖြစ် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၃၀ ခန့်ရှိမည်ဟု မျှော်လင့်ရကြောင်း Campaign for a New Myanmar မှ စည်းရုံးရေးမှူး Kristiana Kuqi ၏အဆိုအရသိရှိရသည်။

“ကျွန်တော်တို့မှာ ကွန်ဂရက်လွှတ်တော်အမတ်နဲ့ လွှတ်တော်ဝန်ထမ်းတွေ များများပါဝင်လေလေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပိုပြီး တွန်းအားပေးနိုင်လေလေဖြစ်မှာပါ” ဟု Kuqi က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article