25 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းမှ ဆက်ကြေးကောက်ရန် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို စောင့်ကြို တိုက်ခိုက်မှု ၇ ဦးသေဆုံး

Must read

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းမှ ဆက်ကြေးကောက်ရန် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို စောင့်ကြို တိုက်ခိုက်မှု ၇ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းမှ ဆက်ကြေးကောက်ရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စောင့်ကြို တိုက်ခိုက်ရာ ၇ ဦးသေဆုံးခဲ့ကြောင်း Alpha Column မှ စစ်ကြောင်း တာဝန်ခံ ကိုနေကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီ ၅၀ ခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မုံရွာတစ်ဖက်ကမ်း ကူးသည့် ကူးတို့ဆိပ် လမ်းဆုံ၌ ဆက်ကြေး ကောက်ရန် ထွက်ခွာလာစဥ် တော်လှန်ရေး ရဲဘော်များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ညောင်ပင်ကြီး ရဲစခန်းကနေပြီး မုံရွာတစ်ဖက်ကမ်း ကူးတဲ့ ကူးတို့ဆိပ် လမ်းဆုံကို လာပြီး ဆက်ကြေးကောက်ကြတာ အဲ့ဒါကို ကျွန်တော်တို့က မနက် စောစော ဆက်ကြေးကောက်ဖို့ ဂိတ်ဖွင့်ထားတဲ့ ဘန်ကာမှာ လာစောင့်ပြီး တိုက်ခိုက်ခဲ့တာ တိုက်ပွဲမဖြစ်ခင်မှာ သူတို့လာတဲ့လမ်းမှာ မိုင်း ၃ လုံး ကြိုထောင်ပြီး အနီးကပ် လက်နက်ငယ်တွေနဲ့ စတင်တိုက်ခိုက်ခဲ့တာ စစ်ခွေး ၇ ကောင် သေပါတယ်” ဟု Alpha Column မှ စစ်ကြောင်း တာဝန်ခံ ကိုနေကြီးက ပြောဆိုသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားစဥ် အတွင်း မုံရွာတစ်ဖက်ကမ်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဝမ်ပေါင် ဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ လက်နက် ကောက်ယူနိုင်ခြင်း မရှိ​ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဆားလင်းကြီးမြို့နယ်လက်ရုံးတပ်၊ Alpha Column ၊ Salingyi Generation Z PDF ၊ Young People Force နှင့် Dragon Brother Task Force(DBTF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article