25 C
Yangon

မြင်းမူမြို့နယ်၊ ဘိုမင်းကျီးကင်းရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး သေဆုံး

Must read

မြင်းမူမြို့နယ်၊ ဘိုမင်းကျီးကင်းရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုမင်းကျီးကင်းရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ဘိုမင်းကျီးကင်း ကျေးရွာတွင် အထိုင်ချ တပ်ဆွဲနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Done ၉ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ လက်အောက်ခံ People’s knight Defense Force Myinmu (PKDF-MMU) အဖွဲ့မှ ဦးဆောင်၍ MMU – PDF၊ စစ်ကိုင်းခရိုင်တပ်ရင်း ၆ ခွဲ (၁)မြင်းမူ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ (Team6) Drop for justice ၊ People Securrity Force (Ayadaw)၊Mine Prince(Ayadaw)၊3..star(Ayadaw)၊ကျားသစ်နက်(Ayadaw)၊ မုံရွာခရိုင် တပ်ရင်း ၂၁ ၊ နယ်မြေခံ PDF များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article