26 C
Yangon

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာသား ၈ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ပြည်သူ ၃၀ ခန့်ကို တပ်သားသစ် စုဆောင်းရန် ခေါ်ဆောင်သွားကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာသား ၈ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ပြည်သူ ၃၀ ခန့်ကို တပ်သားသစ် စုဆောင်းရန် ခေါ်ဆောင်သွားကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာသား ပြည်သူ ၈ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ပြည်သူ ၃၀ ခန့်ကို တပ်သားသစ် စုဆောင်းရန် ခေါ်ဆောင်သွားကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် ဇီးဖြူကုန်းကျေးရွာကို စစ်ကြောင်းထိုး စီးနင်း ဝင်ရောက်ပြီး ပြည်သူ ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ကျေးရွာနေ ပြည်သူ ၃၀ ခန့်ကို တပ်သားသစ် စုဆောင်းရန် ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ထိ ကျေးရွာအတွင်း တပ်စွဲထားပြီး ယနေ့ မွန်းလွဲပိုင်းက စတင်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိပြီး ယနေ့ ညပိုင်းအထိ မီးလောင်ကျွမ်းလျက်ရှိကြောင်း သိရှိရသည်။

“ဇီးဖြူကုန်းရွာ ဖမ်းမိသူများတယ်။ ဖမ်းမိသူတွေထဲက ပြေးနိုင်သူတွေ ပြေးခိုင်းပြီး လွှတ်ပေးတယ်။ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့ လူတွေ မီးထဲပါလောက်တယ် ပြောနေကြတယ်။သေဆုံးက ၈ ဦးလို့ ကြားတယ်။ ဒီထက်များနိုင်တယ်။ ဖမ်းခံရတွေကတော့ ပြန်လွှတ်ပေးလိုက်ပြီး လူငယ် လူလတ်ပိုင်း ၃၀ ခန့်လောက်တော့ ရွှေဘိုစစ်သားစုဆောင်းရေးတပ်ကို ခေါ်သွားတာလို့ ကြားတယ်။ အိမ်တွေတော့ ကုန်လောက်ပြီ ညနေ ၆ နာရီလောက်ကတော့ မီးက ၄ နေရာလောက် ခွဲရှို့နေတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ဇီးဖြူကုန်းရွာကို အခြေပြု၍ အနီးအနားရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက်နေသည့် အတွက် ဇီးဖြူကုန်းရွာအပါအဝင် ကျေးရွာ ၈ ခန့်ရှိ ပြည်သူ ၅၀၀၀ ခန့်မှာ စစ်ရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article