27 C
Yangon

မင်းပြားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် AA ထံ အလင်းဝင်၊ တပ်ရင်းများကို AA က သိမ်းပိုက်လိုက်ပြီးဟု သတင်းများ ထွက်ပေါ်နေ

Must read

ရန်ကုန်|ဖေဖော်ဝါရီ ၆

ရခိုင်ပြည်၊ မင်းပြားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သည် ယနေ့ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက ရက္ခိုင့်တပ်တော် AA ထံ အလင်းဝင်ရောက်ခဲ့ပြီး ကားသုံးစီးဖြင့် ခေါ်ဆောင်သွားကြောင်း မင်းပြား ဒေသခံများက ပြောသည်။

မင်းပြားအခြေစိုက် စစ်ကောင်စီ ခမရ ၃၈၀ တပ်ရင်းအား ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် AA က သိမ်းပိုက် ရရှိခဲ့ပြီး မင်းပြားတွင် ကျန်ရှိနေသေးသည့် ခမရ ၃၇၉နှင့် ၅၄၁ တို့ကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

မင်းပြားမြို့ မျက်မြင်ဒေသခံတစ်ဦးက ” ဒီကနေ့ မနက်ပိုင်း ၉နာရီလောက်မှာ အလင်းဝင်ကြတယ်လို့ သိရပါတယ်။ AA တပ်ဖွဲ့ဝင်တွေက စစ်ကားသုံးစီးနဲ့ စစ်သားတွေကို သယ်ဆောင်သွားတာတွေ့တယ်။ နောက်ပြီး နောက်ထပ် ကားတစ်စီးရယ်။ မင်းပြားမြို့ထဲကသူတို့တွေကို ခေါ်လာတယ်။ နရမ်းခွဆုံမှ ခဏနားပြီးတော့ တစ်ခြားနေရာကို ယူသွားတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်လောက်ပါတယ်လို့ ပြောလို့ ရနိုင်တယ် “ဟုပြောသည်။

လက်ရှိတွင် စစ်ကောင်စီ ခြေကုတ်ယူထားသည့် မင်းပြားတွင် အခြေစိုက် ၃၇၉နှင့် ၅၄၁ တို့ကို ယနေ့ နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြု၍ မရရှိသေးပေ။

မင်းပြားဒေသခံ အမျိုးသမီး တစ်ဦးက “စစ်ကားနှစ်စီးနဲ့ သယ်သွားတာ မြင်လိုက်ပါတယ်။ အမျိုးသားတွေ ပါတယ်။ အမျိုးသမီးတွေ ပါတယ်။ ကလေးတွေပါတယ်။ မင်းပြားမြို့ဖက်ကထွက်သွားတာပါ။ ဒီကနေ့ မနက်ပိုင်းက “ဟုပြောသည်။

မင်းပြားမြို့နှင့် မြောက်ဦးမြို့တို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်း ၉ နာရီခွဲအချိန်မှ စတင်ပြီး ဂျက်တိုက်လေယာဉ်အပါအဝင် ရဟတ်ယာဉ်များဖြင့် အကြိမ် ၃၀ နီးပါး လာရောက်ဗုံးကြဲနေကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက်တွင် ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းတို့ကို သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA ဖေဖော်ဝါရီ ၅ ရက်နေ့ ညပိုင်း သတင်းထုတ်ပြန် ကြေညာခဲ့သည်။

စစ်ကောင်စီ ခြေကုတ်ယူထားသည့် မင်းပြားတွင် အခြေစိုက် ခမရ ၃၇၉၊ ၃၈၀နှင့် ၅၄၁ တို့ ရှိကြပြီး ၎င်းတပ်ရင်းများမှ ပြီးခဲ့သည့် တိုက်ပွဲကာလက အရပ်သားများနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့သည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article