25 C
Yangon

ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က သဲကုန်းကြီးရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၁၇ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က သဲကုန်းကြီးရွာကို မီးရှို့ဖျက်ဆီးပြီး အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၇ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့မှ ခင်ဦးမြို့နယ် အနောက်ခြမ်းကို ဒုတိယအကြိမ် ထပ်စစ်ကြောင်းထိုးလာသော ခွေးဘီလူးစစ်ကြောင်းသည် ရွာသစ်ရွာဘက်မှ သဲကုန်းကြီးရွာကို ဝင်ရောက် စီးနင်းပြီး ညနေပိုင်းတွင် သဲကုန်းကြီးရွာရှိ နေအိမ်များနှင့် ကားများကို မီးရှို့ဖျက်ဆီးကာ ရွာထဲ၌ ညအိပ် တပ်စွဲခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သဲကုန်းကြီးရွာမှ မူးသာရွာနှင့် သက်ပေးရွာဘက်ကို ဆက်လက် ထွက်ခွာလာပြီး လက်ရှိချိန်တွင် ရွာသစ်၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း၊ ချမ်းသာကုန်း၊ ကုန်းသာ၊ မုံတော၊ ကြီးအိုင်၊ ဒါန်းကုန်း၊ မှန်တော၊ ကျွန်းဆွယ်၊ ကျွန်းလည်၊ မူးသာ၊ သက်ပေး၊ လက်ပံကွက်၊ ဇီးတောနှင့် သဲကုန်းကြီး ရွာတို့မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မနေ့က နံနက်ပိုင်းကနေ ရေဦးကနေ ခင်ဦးအနောက်ခြမ်းကို ဒုတိယအကြိမ် ထပ်ထွက်သွားတဲ့ ခွေးဘီလူးစစ်ကြောင်းက ကျေးရွာတွေကို ပတ်ပြီး စစ်ကြောင်းထိုးနေတာပါ။ အဲ စစ်ခွေး စစ်ကြောင်းက ဇန်နဝါရီ ၁၅ ရက်နေ့ကစလို့ ရေဦးနယ်နဲ့ ဒီပဲယင်းနယ်တို့ကို ၁၀ရက်ကျော်ဝင်ရောက်ပြီး ပြည်သူတွေကို PDF လို့ ခေါင်းစဥ် တတ်ပြီး ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ ခွေးဘီးလူး စစ်ကြောင်းပါ” ဟု ရေဦး အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article