25 C
Yangon

မြင်းခြံမြို့နယ် ကန်သွယ်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူ ၃၀၀ ခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကန်သွယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးတင်ရှို့နေပြီး ဘုန်းကြီးကျောင်းတွင် ရှောင်တိမ်းနေသည့် ပြည်သူ ၃၀၀ ခန့်ကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်က မြင်းခြံမြို့နယ်၊ ကန်သွယ်ကျေးရွာကို ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့များက ဒရုန်းနှင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကန်သွယ်ကျေးရွာကို မီးတင်ရှို့နေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“ကာကွယ်ရေးတပ်တွေက ဒရုန်းတွေနဲ့ မနေ့က ဗုံးသီးတွေချတော့ ဒီနေ့မှာ ရွာကို မီးတင်ရှို့တာပါ။ မနေ့က ရွာဘုန်းကြီးကျောင်းမှာ ရှောင်တိမ်းနေသူတွေကို ဓားစာခံလုပ်ထားတယ်”ဟု ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်က ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေသူများကို ဓားစာခံ အဖြစ်ဖမ်းဆီးထားရာတွင် သက်ကြီးပိုင်းများ လည်းပါဝင်နေကြောင်း၊ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ပါက ပြည်သူများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေကြောင်းလည်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား မြင်းခြံခရိုင် စံပြကျေးရွာတွင် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကာအကြမ်းဖက် စစ်တပ်ဘက်မှ အထိနာခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ကျေးရွာများသို့ ပတ်မွှေနေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article