26 C
Yangon

ရေစကြိုမြို့အဝင်တွင် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးချမ်းမြေ့အောင် အပါအဝင် စစ်သား ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မကွေးတိုင်း၊ ရေစကြိုမြို့အဝင်တွင် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူးချမ်းမြေ့အောင် အပါအဝင် ၅ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ချမ်းမြေ့အောင်အပါအဝင် ၄ ဦးသေဆုံးသွားကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်‌ေ ရေစကြိုမြို့ ခလရ ၂၅၈ တပ်အတွင်းမှ ရေစကြိုမြို့ထဲ သို့ အိမ်စီးကားဖြင့် ပြန်လာသော မြို့နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးချမ်းမြေ့အောင်အပါအဝင် ၅ ဦးကို ရေစကြိုမြို့အဝင် ဆိုင်းဘုတ် အနီး၌ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်ပါ ဗိုလ်မှူးချမ်းမြေ့ အောင် အပါအဝင် နောက်လိုက် ၃ ဦးသေဆုံးခဲ့ကြောင်း၊ ယာဉ်မောင်းမှာ သေဆုံးမှု ရှိ၊ မရှိ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ချက်ချင်းမသေဘူး၊ ဒီနေ့မှ နေ့ခင်းလောက်မှာ ပြုတ်သွားတာ၊ သူက တပ်ထဲကနေပြီးတော့ လမ်းမှာ ဘီယာဆိုင်ဝင်ပြီး‌ သောက်သေးတယ်၊ ဘီယာဆိုင်သောက်ပြီး ပြန်လာတဲ့အချိန်မှာ မြို့အဝင်မှာ အနီး ကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ပစ်တဲ့နေရာက စခန်းနဲ့နီးတယ်၊ ရဲစခနးနဲ့နီးတော့ ကားသ မားက ချက်ချင်းမသေတော့ စခန်းအထိရောက်အောင်မောင်းသွားတာ၊ စခန်းရှေ့ရောက်မှ ကားက ရပ်သွားတော့ လက်နက်က ယူလို့မရတော့ဘူး၊ ကျနော်တို့ စုံစမ်းသိရသလောက်ကတော့ စီမံကောင် စီဥက္ကဌ ချမ်းမြေ့အောင်ကတော့ ဒီနေ့ နေ့လည်လောက်မှာ သေသွားတာ၊ ကျန်တဲ့ နောက်ခန်းက ၃ ကောင်လည်း ပြုတ်သွားတယ်၊ ကားသမား သေမသေတော့ မသိဘူး၊ မှန်တာကတော့မှန်မှာ ကျနော် တို့ က အနီးကပ် ပစ်တာ၊ ကားပေါ်မှာက ချမ်းမြေ့အောင် အပါအဝင် ၄ ယောက်က တော့အတည်ပြုလို့ရတယ်” ဟု ရေစကြိုပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အနီ၀ိုင်းပြထားသူမှာ သေဆုံးသူ ဗိုလ်မှူးချမ်းမြေ့အောင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article