25 C
Yangon

လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး စစ်တပ် တပ်စွဲထားသော နေရာ တချို့ကို မီးရှို့ရှင်းလင်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး စစ်တပ် တပ်စွဲထားသော နေရာ တချို့ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်မှစ၍ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း လဝကရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး စာရင်းစစ်ရုံးနှင့် ပတ်ချာလည်ရှိ ရန်သူတပ်စွဲထားရာ ဌာနဆိုင်ရာရုံးများကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူအဖြစ် အနောက်ဘက် ပင်လယ်ပြင်ရှိ ရေတပ် စစ်သင်္ဘောပေါ်က လက်နက်ကြီးများပစ်ကူပေးခဲ့ပြီး ထားဝယ်မြို့ ကာစတန်ဘက်မှလည်း ၁၂၀ မမ လက်နက်ကြီးကျည် အလုံးပေါင်း ၂၀ ကျော် ထက်မနည်း ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ထားဝယ်မြို့မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အနောက်သဗျာကျောင်းကြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်အများ အပြား ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်အတွင်းရှိ ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယင်းတိုက်ပွဲသည် ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ ခန့် အထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲအတွင်း စစ်ခွေးတွေ တပ်စွဲထားတဲ့ စာရင်းစစ်ရုံး ပတ်လည်ကိုတော့ မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်။ စစ်ခွေးတွေ ဘက်ကတော့ ၅ ကောင်သေတယ် ထိခိုက် ဒဏ်ရာရတာလည်းများတယ် အဲတာတော့ အတည်ပြုနိုင်တယ်။ လက်နက်တွေ သိမ်းဆည်းရမိတာတော့ မရှိဘူး။ ထားဝယ်ဘက်ကနေ စစ်ခွေးတွေက ၁၂၀ မမ လက်နက်ကြီးတွေ ပင်လယ်ဘက် စစ်သင်္ဘောက လက်နက်ကြီးတွေ ဆက်တိုက် ပစ်တာတွေ​ေကြောင့် ပြန်ဆုတ်လိုက်ရတာ” ဟု လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့-LLPDF ၊ လောင်းလုံး (ပကဖ) ရွှေသောင်ယံတပ်စု၊ လောင်းလုံး (ပကဖ) ကင်းမြီးကောက်တပ်စု ၊ လောင်းလုံး (ပကဖ) ဇုံ (၄) တပ်ခွဲ ၊ လောင်းလုံး (ပကဖ) လိပ်ပြာတပ်စု၊ လောင်းလုံး (ပကဖ) တောသားလေးတပ်စု၊ လောင်းလုံး (ပကဖ) ပင်လယ်ကြယ်တပ်စု နှင့် ထားဝယ်ခရိုင် တပ်ရင်း -၁၊ ဥဩစစ်ကြောင်း၊ နွေဦးပျောက်ကြားတပ်ဖွဲ့၊ ဝံပုလွေ တပ်ဖွဲ့၊ အထူးပျောက်ကြားတပ်ဖွဲ့၊ DDT တပ်ခွဲ -၃၊DDF DNLAဓူဝံကြယ်တပ်ဖွဲ့ စသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်အတွင်း စစ်ရေးအရှိန်မြင့်လာသည့်အတွက် ပြည်သူများအချိန်နှင့်အမျှ စစ်ရေး သတိရှိကြရန်နှင့် ဗုံးခိုကျင်းများ တူးထားကြရန် ထပ်မံသတိပေးတိုက်တွန်းလိုကြောင်း လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article