25 C
Yangon

ရခိုင်ပြည်မှ အိန္ဒိယနိုင်ငံသားများ ချက်ချင်း ထွက်ခွာရန် အိန္ဒိယအစိုးရ သတိပေးချက် ထုတ်ပြန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်တွင် အိန္ဒိယနိုင်ငံသားအားလုံး ပြည်နယ်အတွင်းက ချက်ချင်း ထွက်ခွာကြရန် အိန္ဒိယအစိုးရ၏ ပြည်ပရေးရာဝန်ကြီးဌာန (MEA)က သတင်းပေးထုတ်ပြန်လိုက်သည်။

လုံခြုံရေးအခြေအနေ ယိုယွင်းလာခြင်း၊ ကြိုးဖုန်းများအပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခြင်းနှင့် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ရှားပါးလာခြင်းတိုကြောင့် အိန္ဒိယနိုင်ငံသားအားလုံး ထွက်ခွာကြဖို ပြည်ပရေးရာဝန်ကြီးဌာန (MEA)က ဖေဖော်ဝါရီ ၆ ရက်တွင် သတိပေးထုတ်ပြန်သည်။

ထိုအပြင် လုံခြုံရေးအခြေအနေ ယိုယွင်းလာခြင်းကြောင့် အိန္ဒိယနိုင်ငံသားအားလုံး ရခိုင်ပြည်သို ခရီးသွားခြင်း မပြုရန် အကြံပြုထားကြောင်း အိန္ဒိယအစိုးရက အင်္ဂါနေ့က အကြံပြုထားသည်။
“ရခိုင်ပြည်မှာ ရှိပြီးသား အိန္ဒိယ နိုင်ငံသားတွေကို ချက်ချင်း ထွက်ခွာဖို အကြံပြုထားပါတယ်” ဟု MEA က ပြောသည်။

နိုဝင်ဘာလကတည်းက ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို နှစ်ဖက်အကြား ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး အိန္ဒိယနယ်စပ်အနီးရှိ မြန်မာနယ်စပ်အနီးရှိ မဏိပူရနှင့် မီဇိုရမ်ပြည်နယ် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ဆိုသည်။

ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က “ကျွန်တော်တိုအတွက် တိုက်ရိုက်ဂယက်ရိုက်ခတ်နေတဲ့ မြန်မာနိုင်ငံမှာ ယိုယွင်းလာတဲ့ အခြေအနေတွေအတွက် ကျွန်တော်တို စိုးရိမ်မိပါတယ်”ဟု ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။

ပလက်ဝဒေသတစ်ခုလုံးကို AA မှ အပြီးသတ်တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက်တွင်လည်း စစ်ကောင်စီတပ်သား အများအပြားမှာ အုပ်စုလိုက် သိုမဟုတ် တစ်ဦးချင်းတစ်ယောက်ချင်း ကစဉ့်ကလျားဖြင့် အိန္ဒိယနိုင်ငံအတွင်း သို ထွက်ပြေးကြသည်။

ထိုသို ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်သားများထဲမှ ၂၇၆ ဦးမှာ ဇန်နဝါရီလ ၁၇ ရက်နေ့က အိန္ဒိယနိုင်ငံသို ထွက်ပြေးသွားခဲ့ကြပြီး အဆိုပါ စစ်ကောင်စီတပ်သား ၂၇၆ ဦးထဲက ၁၈၄ ဦးကို ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်ကောင်စီလေကြောင်းက Lengpui လေဆိပ်သို သွားရောက်ခေါ်ယူခဲ့ပြီး စစ်တွေသို ပိုဆောင်ခဲ့သည်။

ပလက်ဝဒေသတွင် ရက္ခိုင့်တပ်တော် AA ထံ စစ်ရှုး၍ အိန္ဒိယနိုင်ငံဘက်သို ထွက်ပြေးသွားသော တပ်ပြေးစစ်သားများကို စစ်ကောင်စီက ရခိုင်စစ်မျက်နှာတွင် ပြန်လည်အသုံးပြုနေကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲက ပြောသည်။

စစ်ကောင်စီတပ်ရင်းများ ဖြစ်ကြသည့် ရခိုင်ပြည် မင်းပြားမြိုအခြေစိုက် ခမရ ၃၇၉နှင့် ၅၄၁ တပ်ရင်းတိုအား ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၆ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး မင်းပြား ခမရ ၃၈၀ တပ်ရင်းအား ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့က သိမ်းပိုက်ခဲ့သည်။

ဓာတ်ပုံ – ယမန်နှစ် နှစ်ကုန်ပိုင်း စစ်တွေမြိုတွင် ကင်းလှည့်နေသည့် စစ်ကောင်စီသံချပ်ကာကားတစ်စီး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နှစ် နှစ်ကုန်ပိုင်း စစ်တွေမြိုတွင် ကင်းလှည့်နေသည့် စစ်ကောင်စီသံချပ်ကာကားတစ်စီး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article