25 C
Yangon

ရေဦးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ရေဦးမြို့နယ် တောင်ဘက်ခြမ်း ကုက္ကိုစုရွာဘက်မှ အကြမ်းဖက် စစ်တပ်က ကားကြီး ၂ စီးဖြင့် ဝင်ရောက်လာပြီး ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ရွာသာလေး၊ ကုက္ကိုစု၊ မူးသာကုန်း၊ မုတ်စီ၊ ငြုတ္တုံ၊ ပြည်တော်၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝ၊ ရွာမိဿာနှင့် မူးဆုံ စသည့် ကျေးရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။

” အခု စစ်ခွေး စစ်ကြောင်းက ရေဦးမြို့နယ် အနောက်ခြမ်းကို ထပ်ထိုးနေတာ မနက်ပိုင်း ၁ နာရီလောက်မှာ ရေဦးနယ် တောင်ဘက်ခြမ်း ကုက္ကိုစုရွာဘက်ကနေ ကားကြီး ၂ စီးနဲ့ ရေဦးကို ပြန်ဝင်ပြီး ဒီနေ့မနက်မှ ရေဦးကနေ အနောက်ဘက်ခြမ်းကို ထပ်ထွက်လာတာ ကျေးရွာ ၁၁ ရွာကျော်က ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်။ အခုစစ်ခွေး စစ်ကြောင်းက ငြုတ္တုံရွာမှာ တပ်စွဲထားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article