ရန်ကုန်၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် ကိုယ့်မိုင်းကိုယ်နင်းမိခြင်းတိုကြောင့် စစ်ကောင်စီတပ်ဖွဲဝင် ၈ ဦးသေဆု့းပြီး ၂ ဦးအရှင်ဖမ်းမိကြောင်း PNLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထိန်းချုပ်ထားသည့် ဆီဆိုင်မြိုမြောက်ဘက်တနေရာတွင် စစ်ကောင်စီတပ်ဖွဲနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲဝင် အလောင်း ၆လောင်းနှင့် လက်နက် ၅ လက် သိမ်းဆည်းရမိခဲ့ကြောင်း ၊ ထိုပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးတပ်ဖွဲကို စစ်ကောင်စီနှင့်အပေါင်းအပါများက ဆီဆိုင်မြိုနယ်တနေရာတွင် ချောင်းမြောင်းပစ်ခတ်သဖြင့် PNLA တပ်ဖွဲဝင်များက ပြန်လည်ခုခံရှင်းလင်းခဲ့ရာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့တွင် စစ်ကောင်စီတပ်မှ စစ်သား ၂ ဦးသည် ခမရ ၄၂၃အနီးတွင် ရေဆင်းခပ်ရာ ၎င်းတိုကိုယ်တိုင်ထောင်ထားသည့် မိုင်းကိုပြန်နင်းမိပြီး စစ်သား ၂ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲများဖြစ်ပွားခြင်းနှင့် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သည့် လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေယာဉ်ဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သဖြင့် ပြည်သူများ၏ အိုးအိမ်စည်းစိမ်များထိခိုက်မှုအချိုရှိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






