25 C
Yangon

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မအူပင်ရွာကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်မီးရှိူ့ဖျက်ဆီးပြီးနောက် ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလရှီးတူးလွမ် အပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ဖားကန့်လမ်းပေါ်ရှိ မအူပင်ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်မီးရှိူ့ဖျက်ဆီးသွားကာ ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလရှီးတူးလွမ် အပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် အကြမ်းဖက်စစ်တပ်၏ ခမရ ၁၀၂ တပ်ရင်းက မအူပင်ကျေးရွာအတွင်းသို့ သေနတ်ပစ်ဖောက်ဝင်ရောက်၍ ပြည်သူပိုင် နေအိမ်များနှင့် ကားများကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“မနက်ပိုင်းမှာ တိုက်ပွဲမရှိဘဲ ဖားကန့်လမ်းပေါ်က မအူပင်ရွာကို မီးဝင်ရှို့သွားတယ်။ ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလရှီးတူးလွမ် အပါအဝင် ၃ ဦးကို ဖမ်းခေါ်သွားတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံရသူများတွင် ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာ ဦးလရှီးတူးလွမ် ၊ ဦးကျော်ဆန်း၊ ကိုဇော်ဝငါ်အောင်တို့ ဖြစ်ကြပြီး လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိကြောင်း ၊ အကြမ်းဖက်စစ်တပ်က ကျေးရွာမှ ပြန်ထွက်သွားပြီဖြစ်ပြီး ဖမ်းဆီးထားသူများပါ ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article