25 C
Yangon

ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး

Must read

ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ပဲခူးတိုင်း၊‌ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က ရေတာရှည်မြို့နယ်၊ ရွှေကဇောင်းကျေး ရွာဘက်မှ အင်အား ၆၀ ခန့်ဖြင့် သဖန်းဇင်ကျေးရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ် ကြောင်းကို ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် သဖန်းဇင်ကျေး ရွာအတွင်း ဝင်ရောက်တပ်စွဲစဉ် တော်လှန်ရေး အင်အားစုများဘက်က ၄၀ မမ ဖြင့် ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် မိနစ်၂၀ ခန့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ည ၁၁ နာရီ မိနစ် ၂၀ အချိန်တွင် သဖန်းဇင်ကျေးရွာမှ တဆင့် စစ်တောင်းမြစ်ကမ်းဘေး သို့ ချဉ်းကပ်ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများ ဘက်မှ ၄၀ မမ၊ လက်နက် ငယ်များဖြင့် ဆီးကြိုပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လည်း RPG အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု မသိရဘဲ တော်လှန်ရေးအင်အားစုများဘက်မှ အထိအခိုက်မရှိ‌ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရ သည်။

ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အချိန်တွင် အိုးမြေတူးကျေးရွာမှ ပဲနုတ်ရန် ထွက်လာ သော ပြည်သူများကို ရွှေကဇောင်းကျေးရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ၄၀ မမ၊ ၆၀ မမ တို့ဖြင့် အဝေးမှ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူများမှာ မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှု မရှိကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် သဖန်းဇင်ကျေးရွာအတွင်း ရောက်ရှိနေသည့် အကြမ်းဖက် စစ်သားများက ပြည်သူ့နေအိမ်များ၊ ကြံခင်းများကို လိုက်လံမီးရှို့ခဲ့သဖြင့် တော်လှန်ရေးအင်အားစု များဘက်မှ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၄ ဦး ပွဲချင်းပြီးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည် တော် PDF နှင့် တပ်ရင်း ၃၅၀၁ တပ်ခွဲ ၄ ၊ တပ်ခွဲ ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article