25 C
Yangon

AA က စစ်သင်္ဘော ၃ စီးကို နစ်မြုပ်အောင် တိုက်ခိုက်ခဲ့ပြီး အခြားစစ်သင်္ဘော ၇ စီးကို ဖျက်ဆီးနိုင်ခဲ့၊ မြောက်ဦး ရဲတပ်ရင်း အမှတ် ၃၁ ကိုလည်း အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပြီး ရသေ့တောင်ရှိ ကိုးတောင်ကောက်စစ်စခန်းကိုလည်း တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ရခိုင်ပြည်နယ်တွင် AA က စစ်သင်္ဘော ၃ စီးကို နစ်မြုပ်အောင် တိုက်ခိုက်ခဲ့ပြီး အခြားစစ်သင်္ဘော ၇ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်းမြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ က တရားဝင်သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၈ ရက်နေ့များတွင် စစ်ကောင်စီ၏ ရေတပ်ကို ရက္ခိုင့်တပ်တောကေ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ မြစ်အတွင်းမှ တိုက်ခိုက်ရေးစစ်သင်္ဘော (၃) စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အလားတူပင် အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်အတွင်းတွင် စစ်ကောင်စီ၏စစ်သင်္ဘော (၇) စီးခန့်ကို သွားလာ၍မရနိုင်အောင်နှင့် မြစ်အတွင်းရေချ၍မရနိုင်အောင် ပြုလုပ်နိုင်ခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင် စစ်ကောင်စီ၏ကမ်းထိုးယာဉ်နှင့် Navy စုစုပေါင်း ၃ စီးတို့ကို ရက္ခိုင့်တပ်တော်မှ ရက္ခိုင်ပင်လယ်ပြင်ထက်တွင် အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ လက်နက်ချအညံ့ခံရန် ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသော စစ်သားများကိုလည်း မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့သည် ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ရန်သူအား ပင်လယ်ပြင်ထက်တွင် အောင်ပွဲကိုရေးထိုးနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ကြောင်း၊ ရန်သူ့ရေတပ်မှ စစ်သင်္ဘောများကို ပင်လယ်ပြင်ထဲသို့ နစ်မြုပ်အောင် ကြံဆောင်နိုင်ခဲ့သောနေ့လည်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရက္ခိုင်ပြည်၊ မြောက်ဦးရှိ စစ်ကောင်စီ၏လက်ကျန်တစ်ခုတည်းဖြစ်တော့သည့် ပြည်သူလူထုနှင့် ရှေးဟောင်း သမိုင်းဝင်အမွေအနှစ်များအား နှစ်ရှည်လများ ဒုက္ခပေးလာခဲ့သော “ရဲတပ်ရင်း အမှတ် ၃၁ ” ကို ရက္ခိုင့်တပ်‌တော်က အပြီးသတ်ထိုးစစ်ဆင်တိုက် ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်က ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article