25 C
Yangon

ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီ၏ ၁၂ မိုင်ကုန်းစခန်း တိုက်ခိုက်မှုတွင် စစ်သား ၁ ဦး အရှင်ဖမ်းမိပြီး စစ်တပ်ဘက်မှ သေဆုံးသူနှင့် ထွက်ပြေးသူ များရှိ

Must read

လက်နက် ၁၆ လက်နှင့်ခဲယမ်းများ၊ ဒရုန်းပစ်လက်နက်၊ Jammer များပါ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီ၏ ၁၂ မိုင်ကုန်းစခန်း တိုက်ခိုက်မှုတွင် စစ်သား ၁ ဦး အရှင်ဖမ်းမိပြီး စစ်တပ်ဘက်မှ သေဆုံးသူနှင့် ထွက်ပြေးသူ များရှိကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ တွင် “၁၁၀၇ – စစ်ဆင်ရေး” အဖြစ် ကရင်နီပြည်(ကယားပြည်နယ်) ဘောလခဲမြို့နယ်၊ရွာသစ်မြို့နယ်ခွဲရှိ စစ်အုပ်စုလက်အောက်ခံ ခမရ – ၁၁၂ ၏ ၁၂ မိုင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း၊ ထိုတိုက်ပွဲတွင် MA 1 အမျိုးအစား သေနတ် ၈ လက်၊ MA2 အမျိုးအစား သေနတ် ၁ လက်၊ MA 3 အမျိုးအစားသေနတ် ၁ လက်၊ MA 11 အမျိုးအစား သေနတ် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၃ လက်၊ ငါးကြင်းမြီး စက်လတ် ၁ လက်၊ ၉ မမ ပစ္စတို ၁ လက် အပါအဝင် စစ်ကောင်စီတပ်၏ လက်နက် စုစုပေါင်း ၁၆ လက်နှင့် ခဲယမ်းမျိုးစုံနှင့် အခြားစစ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ သိမ်းပိုက် ရရှိ ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ စစ်သား အချို့ချေမှုန်းခံရပြီး စစ်သုံ့ပန်း ၁ ယောက်ကိုလည်း လက်ရဖမ်းဆီးမိကြောင်း၊ စစ်သား အချို့မှာ ကစင့်ကလျားထွက်ပြေးသွားကြကြောင်း သိရှိရသည်။

အဆိုပါစစ်ဆင်ရေးကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) တပ်မဟာ ၇၈၂၆ ၊ တပ်မဟာမှူး ရဲဘော်ဆီမိုးနယ် ဦးစီးသော ပူးတွဲတပ်ဖွဲ့များနှင့်အတူ KAKNDFPDFKNPLF Federal Wing ဒရုန်း တပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့၊ PDF ဒရုန်းတပ်ဖွဲ့တို့ အတူတကွ ပူးတွဲပါဝင်တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article