24.9 C
Yangon

ကျိုက်မရောထောင်တွင် လက်ကိုင်ဖုန်းတွေ့ရှိသည်ဟုဆိုကာ အကျဉ်းသားများကို ဥပဒေမဲ့ ခေါ်ယူစစ်ဆေး နှိပ်စက်နေမှု ရပ်တန့်ရေး နိုင်ငံရေးအကျဉ်းသား ၂၁၁ ဦး အစာငတ်ခံ ဆန္ဒပြနေ၊ အကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေစိုးရိမ်ရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်တွင် လက်ကိုင်ဖုန်းတွေ့ရှိသည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများကို ဥပဒေမဲ့ ခေါ်ယူ စစ်ဆေး နှိပ်စက်နေမှုများ ရပ်တန့်ရန် နိုင်ငံရေးအကျဉ်းသား ၂၁၁ ဦးက အစာငတ်ခံ ဆန္ဒပြနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီမှစတင်၍ ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ၄၇ ဦးက အစာငတ်ခံ ဆန္ဒပြနေကြကြောင်း၊ အစာငတ်ခံနေသည့် နိုင်ငံရေးအကျဉ်းသားများကို ဝန်းရံထောက်ခံသည့် အနေဖြင့် နိုင်ငံရေးအကျဉ်းသား
၁၆၄ ဦးသည် အကျဉ်းထောင်က ပေးသည့် အစားအသောက်များကို စားသောက်သုံးစွဲခြင်းမပြုဘဲ ဆန္ဒပြတောင်းဆိုမှုတွင်ပူးပေါင်း ပါဝင်နေကြောင်း သိရှိရသည်

အစာငတ်ခံဆန္ဒပြရသည့် အကြောင်းအရင်းမှာ ကျိုက်မရောအကျဉ်းထောင်တွင် အကျဉ်းသားများလက်ကိုင်ဖုန်းသုံးစွဲသည်ဟူသော အကြောင်းပြချက်ဖြင့် ဇန်နဝါရီလ(၂၈)ရက်နေ့ နေ့လယ်တွင် စစ်တပ်နှင့်ရဲတပ်ဖွဲဝင်များ ပူးပေါင်း၍ အကျဉ်းထောင်တွင်း အတင်းအတင်းအဓမ္မဝင်ရောက်၍ ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုနောက် လက်ကိုင်ဖုန်းနှစ်လုံးတွေ့သည်ဟုပြောဆိုကာ အကျဉ်းသားများကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ၊ ဖုန်းရှာဖွေတွေ့ရှိသည်ဟု အကြောင်းပြချက်ပေး၍ အကျဉ်းသားများကို ခေါ်ယူစစ်ဆေးခြင်းသည် ယုတ်တိမရှိသော အကြောင်းပြချက်သာဖြစ်ကြောင်း၊ ဖုန်းများကို လက်ဝယ်မတွေ့ရှိခဲ့ရကြောင်း ထိုနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့ ည(၇)နာရီခွဲအချိန် အကျဉ်းထောင်ပိတ်ချိန်အတွင်း နိုင်ငံရေးအကျဉ်းသား ၂ ဦးကို အကြောင်းပြချက်မရှိဘဲ ခေါ်ဆောင်ရိုက်နှက်၍ အကျဉ်းထောင်တိုက်ထဲသို ပိုဆောင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိအစာငတ်ခံ ဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုနေသည့်အချက်များမှာ ကျိုက်မရော အကျဉ်းထောင်မှ အကျဉ်းသူ/သားများနှင့်ပတ်သတ်၍ခေါ်ယူထိန်းသိမ်းစဉ်ကာလ စုံစမ်းမေးမြန်းစဉ်ကာလ အပြစ်ပေးအရေးယူခြင်းကာလတိုတွင်လုပ်ငန်းဆောင်ရွက်ရာတွင် တရားလက်လွန် ဆောင်ရွက်ခြင်းများ မဖြစ်ပေါ်စေရေး၊ လူ့အခွင့်အရေးနှင့်အညီဆောင်ရွက်ရေး၊ကျန်းမာရေးဆိုင်ရာ အလွယ်တကူရရှိနိုင်ရေးအတွက် တောင်းဆိုကြောင်း သိရှိရသည်။

အကျဉ်းထောင်အတွင်း ကျန်းမာရေးဆိုင်ရာ အလွယ်တကူရရှိရေး တောင်းဆိုရာတွင်လည်း စုံစမ်းစစ်ဆေးမှု ခံယူနေသည့်အိပ်ဆောင် ၃ မှ အကျဉ်းသား ၂ ဦး၏နေ့စဉ်ကျန်းမာရေးကိုစစ်ဆေးပေးရန်၊ အကျဉ်းတိုက် မဟုတ်သောအခြားသင့်လျော်စွာနေရာသိုအမြန်ဆုံးပြောင်းရွှေ့ပေးရန်၊ စုံစမ်းစစ်ဆေးမှုပြီးဆုံးသည်နှင့်တစ်ပြိုက်နက်မူလနေထိုင်ရာ အဆောင်သိုအမြန်ဆုံးပြန်လည်ပိုဆောင်ပေးရန်၊ အကျဉ်းသူ၊သားများကိုခေါ်ယူမေးမြန်းမှုများ ပြုလုပ်လိုပါကထောင်ဖွင့်ချိန်တွင်သာ ပြုလုပ်ပေးရန် တောင်းဆိုထားသည်။

လတ်တလော ပြည်သူလူထုများ၊သပိတ်အင်အားစုများ၊တော်လှန်ရေးအင်အားစုများ၊လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊အရပ်ဖက်အဖွဲအစည်းများအနေဖြင့်လည်း ကျိုက်မရောအကျဉ်းထောင်တွင်း အစာငတ်ခံတိုက်ပွဲဝင်နေကြသည့် နိုင်ငံရေးအကျဉ်းသားများကို ဝန်းရံပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က တောင်းဆိုသည်။

“အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်ပေးပြီးတော့ အကျဉ်းသားတွေကို ဖိနှိပ်ဖို ကြံစည်တယ်။ သူတိုရှာဖွေတဲ့အချိန်မှာ အကျဉ်းသားတွေကို နေရာတစ်နေရာမှာ ထားတယ်။ အကျဉ်းသားတွေကို တန်းပိတ်ချိန်မှလာပြီး ခေါ်ယူစစ်တယ်။ အစာငတ်ခံတဲ့ရက်က အနည်းငယ်ကြာမြင့်လာတဲ့အတွက် အကျဉ်းထောင်တွင်း တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေက အင်မတန်စိုးရိမ်နေရတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article