25 C
Yangon

ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူရွာမှ ထွက်လာသော စစ်သား၊ ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူရွာမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှေ့ပြေး ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူစောထီး ကျေးရွာမှ အိမ်စီးကားတစ်စီး၊ ရှေ့ပြေးဆိုင်ကယ်တစ်စီးဖြင့် ပခုက္ကူ-ရေစကြိုလမ်းအတိုင်း ထွက်လာ သော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှေ့ပြေးဆိုင်ပေါ်မှ စစ်သားတစ်ဦး၊ ပျူစောထီးတစ်ဦးကို အသေပစ်ခတ်နိုင်ခဲ့ပြီး ကားပေါ်မှ စစ်ကောင်စီတပ်သားများမှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

“ဆင်ချောင်းကနေ ပခုက္ကူဘက်ထွက်ဖို့ထင်တယ်၊ ဆင်ချောင်းပျူရွာအနီးမှာ ပစ်ခတ်ခဲ့တာ၊ နောက် က ကားတစ်စီးနဲ့ ရှေ့ကဆိုင်ကယ်တစ်စီးနဲ့ ထွက်လာတာ၊ ဆိုင်ကယ်နဲ့နှစ်ယောက်ကို အသေပစ်ခတ် နိုင်ခဲ့တယ်၊ နှစ်ယောက်လုံးသေတယ်၊ အဲဒီနှစ်ယောက်ကိုင်တဲ့လက်နက်တွေတော့ သိမ်းဆည်းနိုင်ခဲ့ တယ်၊ ကျန်တဲ့ ၅ ယောက်ကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတာ၊ ကားကတော့ ကျန်နေခဲ့တယ်၊ ကျနော်တို့လည်း ဆင်ချောင်းပျူရွာနဲ့ နီးတော့ဘာမှလုပ်လို့မရဘူး၊ ဂန်းကောက်ပြီးတခါတည်းပြန် ဆုတ်လာခဲ့လိုက်ရတာ၊ ကားကိုတော့ ဒီအတိုင်းထားခဲ့လိုက်ရတယ်” ဟု ရေစကြိုပကဖမှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ကိုင်ဆောင်သော G3 သေနတ် တစ်လက်နှင့် ကာဘိုင်သေနတ် တစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် ပကဖ၊ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ နှင့် Southern Yesagyo PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article