38 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်ကိုင်းတိုင်းက ကောလင်းမြို့ကို တိုက်ဖို့လာတဲ့ စစ်ကောင်စီတပ်တွေဟာ ထိခိုက်သေဆုံးမှု များစွာ နဲ့ မြို့ထဲမဝင်နိုင်ပဲ ဆုတ်ခွာ ထွက်ပြေးသွားကြပြီး ၊ မြို့ကို တော်လှန်ရေးတပ်တွေက ဆက်လက်ထိန်းချုပ် ထားတဲ့ အပြင် ၊ လက်နက်ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရရှိထား တယ်လို့ ကောလင်းဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က ကုန်းသာ ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး စခန်းချ နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ပေါင်းစုကနေ ဒရုန်းနဲ့ ဗုံးသီးတွေ ဆက်တိုက် ကျဲချ တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၈ ဦးဟာ အသီးသီး သေကုန်ကြတယ်လို့ Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
  • မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်မှာ လက်ကိုင်ဖုန်းတွေ့လို့ဆိုတဲ့အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဥပဒေမဲ့ ခေါ်ယူ စစ်ဆေး နှိပ်စက်နေမှုတွေ ရပ်တန့်ဖို့ နိုင်ငံရေး အကျဉ်းသား ၂၁၁ ဦးက အစာငတ်ခံ ဆန္ဒပြနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article