ရန်ကုန်၊ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်း ကန့်ဘလူမြိုနယ်တောင်ဘက်အခြမ်းရှိ ကျေးရွာများသို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြားသေဆုံးကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ကန့်ဘလူတောင်ဘက်အခြမ်းရှိ ကျေးရွာများဖြစ်သည့် ထောက်ရှာအိုင် ဆူးတပ်၊ မင်းဘာ လက်ထုပ်ကုန်း၊ ကြာဘတ်ကံ ၊ မောင်းတိုင်၊ ရှမ်းတပ်၊ သပြေသာ ၊မဲသည်စသည့် ကျေးရွာ များကို ဇန်နဝါရီ လကုန်ပိုင်းမှစတင်၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း PLA မှ တာဝန်ရှိသူကပြောသည်။
ဖေဖော်ဝါရီလ ၇ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၁၅၀ခန့်ဖြင့် မဲသည်ရွာမှ အနောက်တောင် ဘက်သို စစ်ကြောင်းထွက်လာရာ အင်တောပေါက် ၊မင်းဘာ လက်ထုပ်ကုန်းကြားတွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA၊ ကန့်ဘလူ စွန်ရဲ အဖွဲ၊ နယ်မြေခံ တော်လှန်ရေးအင်အားစု များနှင့် ထိတွေ့ မှုဖြစ်ပွားခဲ့ကာ ၁ နာရီခန့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အများအပြားသေဆုံးခဲ့ပြီး အလောင်းများကို မင်းဘာ၊လက်ထုပ်ကုန်းဘက် သို လှည်းများဖြင့် သယ် ယူသွားကြောင်း ပြည်သူ့လွတ် မြောက်ရေးတပ်မတော် PLA မှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ရန်သူ့ဘက်က အထိခိုက်အကျအဆုံးများတယ် ခန့်မှန်းခြေ ၄၀ ကနေ ၅၀ကြားလောက်ရှိတယ်။ အလောင်းတွေ ကို မင်းဘာ၊လက်ထုပ်ကုန်းဘက်ကို လှည်းနဲ့ သယ်သွားတယ်”ဟု PLA မှတာဝန်ရှိသူ တစ်ဦးကပြောသည်။
ယင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က ပစ်ခတ်သော ၄၀ မမ ကျည် ထိမှန်ပြီး PLA ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာ ရ၍ ဆေးကုသမှု ခန့် ယူလျက်ရှိကြောင်း၊ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
ဓာတ်ပုံ – PLA ရဲဘော်တစ်ဦး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
