31 C
Yangon

AA က သိမ်းပိုက်ထားသော မင်းပြားမြို့ကို စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်နေ

Must read

AA က သိမ်းပိုက်ထားသော မင်းပြားမြို့ကို စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်တွင် AA က ထိန်းချုပ်ထားသော မင်းပြားမြို့ကို စစ်ကောင်စီ ရေကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရက္ခိုင်ပြည်၊ မြို့နယ်အချို့တွင် ထိတွေ့တိုက်ပွဲအချို့ရှိခဲ့သကဲ့သို စစ်ကောင်စီက မြို့၊ ရွာများနှင့် အရပ်သားပြည်သူများကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုများမှာလည်း ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ ထို့ပြင်ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AAက အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သော ရက္ခိုင်ပြည်၊ မင်းပြားမြိုကို ယမန်နေ့ တစ်ရက်လုံးတွင် စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရမ်းဗြဲမြိုနှင့် အနီးတစ်ဝိုက်နေရာများသို့ ယမန်နေ့ နံနက် ၈ နာရီ ၄၂ မိနစ်မှ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်အထိ စစ်ကောင်စီ၏ သိမ်တောင်ဘုရားကုန်းပေါ်တွင် အခြေချတပ်စွဲထားသည့် တပ်စခန်းက လက်နက်ကြီးများဖြင့် ၃၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တစ်ပြိုင်နက်တည်းတွင်ပင် စစ်ကောင်စီ၏ “အမှတ် (၄၁) တိုက်ခိုက်ရေးနေဗီ” က လက်နက်ကြီးဖြင့် ၁၉ ကြိမ်နှင့် ကမ်းထိုးဇက်နေဗီမှ လက်နက်ကြီးများဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်အချိန်မှစ၍ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi-17 ဖြင့်လည်း ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ရမ်းဗြဲမြို့၊ အောင်ဓမ္မဗိမာန်ဓမ္မာရုံ၊ သမိုင်းဝင်ကိုယ်ရံတောင်စေတီ၏ တောင်ကုန်းအနီးဝန်းကျင်နှင့် ရမ်းဗြဲမြိုပေါ်ရပ်ကွက် များထဲမှ အမှတ် ၅ နှင့် ၆ တို့မှာလည်း စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်၊ ဗုံးစများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article