37 C
Yangon

Breaking News- တနင်္သာရီတိုင်းတွင် လေယာဉ်လက်မှတ်ဝယ်ယူခြင်းနှင့် လေယာဉ်စီးခြင်းများအတွက် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ခှုပ်ရေးမှူး ထောက်ခံချက်ပါရှိမှ ရောင်းချပေးရန်နှင့် လေဆိပ်သို့ အုပ်ချုပ်ရေးမှူး ထောက်ခံချက် ယူဆောင်ရန် စစ်တပ်က လျှို့ဝှက် ညွှန်ကြား

Must read

Breaking News- တနင်္သာရီတိုင်းတွင် လေယာဉ်လက်မှတ်ဝယ်ယူခြင်းနှင့် လေယာဉ်စီးခြင်းများအတွက် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ခှုပ်ရေးမှူး ထောက်ခံချက်ပါရှိမှ ရောင်းချပေးရန်နှင့် လေဆိပ်သို့ အုပ်ချုပ်ရေးမှူး ထောက်ခံချက် ယူဆောင်ရန် စစ်တပ်က လျှို့ဝှက် ညွှန်ကြား

■ ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ အပါအဝင် အခြားပြည်တွင်းလေဆိပ်များတွင် ထိုသို့ ညွှန်ကြားချက်မရှိသေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

တနင်္သာရီတိုင်းတွင် လေယာဉ်လက်မှတ်ဝယ်ယူခြင်းနှင့် လေယာဉ်စီးခြင်းများအတွက် မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ခှုပ်ရေးမှူး ထောက်ခံချက်ပါရှိမှ ရောင်းချပေးရန်နှင့် လေဆိပ်သို့ အုပ်ချုပ်ရေးမှူး ထောက်ခံချက် ယူဆောင်ရန် စစ်တပ်က လျှို့ဝှက် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းရှိ လေယာဉ်လက်မှတ်အရောင်းဆိုင်များက လေယာဉ်လက်မှတ်ရောင်းချရာတွင် ပြည်သူ(ဝန်ထမ်းမဟုတ်သူ)များအား သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိမှသာ ရောင်းချပေးရန်နှင့် E-Ticket ဖြင့် ဝယ်ယူပါက အဆိုပါဝန်ထမ်းမဟုတ်များက လေဆိပ်သို့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက် ခံချက် ယူဆောင်လာရန် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးမင်းခိုင်က ဖေဖော်ဝါရီလ ၈ ရက်နေ့ တွင် လျှို့ဝှက် ညွှန်ကြားသည်။

“မြိတ်လေဆိပ်တစ်ခုတည်းမှာပဲ ညွှန်ကြားတာပါ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အခြားပြည်နယ်/တိုင်းလေဆိပ်တွေမှာ ညွှန်ကြားတာမရှိသေးပါဘူး။ အခုထက်ထိတော့ မြိတ်လေဆိပ်လို လုပ်တာမရှိသေးဘူး။ သို့သော် နောက်ပိုင်းတော့ မသိဘူး။ လုပ်ရင်လည်း လုပ်လာနိုင်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းထားပြီး တစ်နိုင်ငံလုံးရှိ လူငယ် လူရွယ်များကို စစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article