26 C
Yangon

သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်၏ ညီ ဦးနောင်ပိန်ကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ကြိုးဆွဲချသေဆုံးဟု ကျန်ရစ်မိသားစုထံသို့ လိမ်လည်အသိပေး

Must read

ရန်ကုန်| ဖေဖော်ဝါရီ ၁၂

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တရားရုံးအပြင် ထိုင်းနိုင်ငံတွင်ပါ ဖမ်းဝရမ်းထုတ်ထားသည့် သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်၏ ညီဖြစ်သူ ရှယ်ယာရှင်တစ်ဦးဖြစ်သူ ဦးနောင်ပိန်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ကျန်ရစ်သူ မိသားစုဝင်များကို ကြိုးဆွဲချသေဆုံးသည်ဟု အကြောင်းကြားလာကြောင်း မိသားစုနှင့်နီးစပ်သူများက ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ဦးနောင်ပိန် ခေါ် ဦးဌေးဝင်းကို အကြမ်းဖက်စစ်တပ်က ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ နေအိမ်တွင် စစ်ဆေးရန်ရှိသည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကြိုးဆွဲချသေဆုံးသွားပြီဟု မိသားစုဝင်များကို အကြောင်းကြားလာခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“သေသွားတဲ့ ကိုနောင်ပိန်တို့ဆိုတာ စကစကို ငွေလမ်းခင်းပြီး အလုပ်လုပ်နေသူတွေ။ ဒီအမှုလောက်နဲ့က အချိန်မရွေး ငွေလမ်းခင်းပြီး ရှင်းမယ်ဆိုတာ အားလုံးက သိထားပြီးသား။ ခုက စရဖ ခြေလွန်လက်လွန်ဖြစ်သွားပြီး ကိုနောင်ပိန်သေသွားပြီဆိုပြီးတော့ အကြောင်းကြားလာတာပေါ့”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

ဦးနောင်ပိန်၏ ရုပ်အလောင်းကို ချက်ချင်း သင်္ဂြိုဟ်ရန် မိသားစုဝင်များကို အကြမ်းဖက်စစ်တပ်က ပြောကြားခဲ့ပြီး ယနေ့ ဖေဖော် ဝါရီ ၁၂ ရက်နေ့နံနက်ပိုင်းအချိန်အထိ မိသားစုဝင်များမှာ အလောင်းကို မမြင်ရသေးကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ဦးကျော်လွင်ကို ဖမ်းဝရမ်းထုတ်ပြီးနောက် ကော့သောင်းမြို့ရှိ ဦးကျော်လွင်နှင့် ဆက်စပ်သည့် မိသားစုဝင်များ၊ အသိမိတ်ဆွေများ၏ နေအိမ်များကိုလည်း ဝင်ရောက်စစ်ဆေးခဲ့သေးကြောင်းလည်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဦးကျော်လွင်အပါအဝင် ၁၈ ဦးကို ဘတ် ၁၀ ဘီလီယံခန့် ငွေကြေးခဝါချမှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ အာဏာပိုင်များက ဖမ်းဝရမ်း ထုတ်ထားခြင်း ဖြစ်ကာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဦးကျော်လွင်ကို အကြမ်းဖက်စစ်တပ်၏ ကော့သောင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထပ်ထုတ်ထားခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article