25 C
Yangon

မုံရွာမြို့ပေါ်တွင် စစ်တပ်က လူငယ်များကို ဖမ်းဆီးနေမှုများကြောင့် မြို့ပေါ်တွင် အသွားအလာမရှိဘဲ မြို့ခြောက်ကပ်သွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်တပ်က လူငယ်များကို ဦးတည် ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ယနေ့ မြို့ပေါ်တွင် အသွားအလာ မရှိဘဲ ခြောက်ကပ်နေကြောင်းမြို့ခံများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း မုံရွာမြို့ပေါ်တွင် စစ်တပ်က ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ရာတွင် လူငယ်တချို့ အဖမ်းခံရကြောင်း၊ ထို့ပြင် ယမန်နေ့ နံနက်ပိုင်း မုံရွာ- မန္တလေးလမ်းပေါ်တွင် လူငယ် ၄၀ ကျော်ထက်မနည်းကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး ပေါ်တာဆွဲသည်ဟု ပြောဆိုခဲ့သဖြင့် ပြည်သူများ စိုးရိမ် ထိတ်လန့်နေကြကြောင်း၊ လတ်တလော ပြဋ္ဌာန်းအသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်များမှာ စစ်တပ်ထဲသို့ အတင်းအကျပ် ဆွဲသွင်းခံရမည်ကို မိဘများနှင့် လူငယ်များက စိုးရိမ်နေကြကြောင်း သိရှိရသည်။

“မုံရွာ မြို့ပေါ်မှာ လူငယ်တွေ အသွားအလာ မရှိဘူး။ ခြောက်ကပ်နေတယ်။ ပန်းရန်၊ လက်သမား၊ သံချည်သံကွေး စက်မှုဇုန် လုပ်ငန်းတွေ ဒီနေ့ ပိတ်ထားရတယ်။ အလုပ်သမား လူငယ်တွေ မလာကြလို့ ။ လက်ဖက်ရည်ဆိုင်တွေမှာလည်း လူမရှိတော့ဘူး။ လမ်းပေါ်မှာကို လူမရှိတော့တာ။ ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ကြေညာပြီးနောက် နယ်ဒေသများတွင် စစ်တပ်က ပေါ်တာဆွဲခြင်းနှင့် တပ်သားသစ်စုဆောင်းခြင်းများကို ပေါ်ပေါ်တင်တင် လုပ်ဆောင်လာကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ကြေညာမှုအပေါ် စစ်တပ်၊ ရဲနှင့် ယာဉ်ထိန်းရဲများက ခရီးသွားများကို တားဆီးကာ ခြိမ်းခြောက်ငွေကြေးတောင်းခံမှု၊ နေအိမ်များသို့ အတင်းအကျပ် ဝင်ရောက်စစ်ဆေးပြီး ငွေညှစ်မှုများလည်းဖြစ်ပွားနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မုံရွာမြို့တွင်း၊ကျောက်ကာလမ်းပေါ်တွင် လမ်းသွားလမ်းလာတစ်ဦးမှ မရှိတော့သည့်မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article