25 C
Yangon

မင်းပြားနှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၉ လုံး ပျက်စီး

Must read

မင်းပြားနှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၉ လုံး ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တုတ်ပင်လယ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းရင်းမြစ်ကပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မင်းပြားမြို့နယ်၊ တုတ်ပင်လယ်ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် မင်းပြားမြို့နယ်၊ တုတ်ပင်လယ်ရွာက ကိုအောင်စိုးမင်း ၂၈ နှစ် ၊ ဦးမောင်ကျန်ရစ် ၅၂ နှစ် ၊ ဦးသိန်းထွန်းလှ ၃၉ နှစ်နှင့် ဦးသန်းရွှီမောင် ၄၀ နှစ် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများ အနက် ကိုအောင်စိုးမင်းနှင့် ဦးသန်းရွှီမောင် တို့သည် ဒဏ်ရာပြင်းထန်ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာ အတွင်းကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၉ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ် ၉ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဘီးလင်းမြို့နယ် ဝင်းတာပန်ရွာကို ရဟတ်ယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ဒေသနေ ပြည်သူများ စိုးရိမ်ပူပန် ထိပ်လန့်ကြောက်ရွှံ့စွာဖြင့် နေထိုင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article