25 C
Yangon

ရေဖြူမြို့နယ်၊အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်တွင် ကျပ်သိန်း ၁၀၀၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေး ဝါး များ ဖမ်းဆီးရရှိ

Must read

ရေဖြူမြို့နယ်၊အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်တွင် ကျပ်သိန်း ၁၀၀၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေး ဝါး များ ဖမ်းဆီးရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျပ် သိန်း ၁၀၀၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိခဲ့ကြောင်း ဗထူးတပ်မတော် – BHA ထံက သိ ရသည်။

ဖေဖော်ဝါရီလ ၉ ရက် နေ့က ရေဖြူမြို့နယ်၊ ရန်ကုန် – ထားဝယ် ပြည်ထောင်စုလမ်းမပေါ် ရေး – ထားဝယ်လမ်းပိုင်း၌ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် ရန်ကုန် မှ ထားဝယ်ဘက်သို့ ကုန်ပစ္စည်းများ တင်ဆောင်လာသော ၁၂ ဘီးကုန်တင်ယာဉ်တစ်စီးသည် ပစ် မှတ်နေရာသို့ ရောက်ရှိလာသဖြင့် ရပ်တန့်စစ်ဆေးရာ ကုန်ကားပေါ်တွင် ကုန်ပစ္စည်းများအတွင်း သို ဝှက် သိမ်းဆည်း သယ်ဆောင်လာသည့် WY စိတ်ကြွဆေးပြား အလုံးရေ ၂၈၂, ၃၀၃ လုံး ကာလ တန် ဖိုး ၉၈၈ , ၀၆၀,၅၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ငွေကျပ် ၁၁၀, ၃၂၀၀ ကျပ်နှင့် လက်ကိုင် ဖုန်း ၂ လုံး တို့ကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦးတို့ကို ဖမ်း ဆီးထိန်းသိမ်းကာ စိတ်ကြွမူးယစ်ဆေးဝါးများ၊ ကုန်တင်ကားနှင့် ကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီး ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းမှုကို ဗထူးတပ်မတော် (BHA) ၊ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) တို့ပူးပေါင်းကာ လုပ်ဆောင် ခဲ့ကြောင်း ဗထူးတပ်မတော်က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article