25 C
Yangon

ပေါက်ခေါင်းမြို့နယ်နှင့် မြိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ၊ ရိက္ခာပို့ စစ်ကြောင်း တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ၆ ဦး သေဆုံးခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၆ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်သား အလောင်းများနှင့် ထိခိုက် ဒါဏ်ရာရရှိသူများကို ပေါက်ခေါင်းမြို့နယ် ဘက်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သစ်ခိုးထုတ်နေသော သစ်တင်ဖောကားများဖြင့် သယ်ဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၅ တောဘုရင်အဖွဲ့နှင့် ၃၆၀၂ တပ်ရင်း တပ်ခွဲ ၄ TPDF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်လည် ခုခံတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာသို့ ရိက္ခာပို့လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၅ နာရီအချိန်တွင် မြိုင်မြို့နယ်၊ ကန်နီပျူရွာသို့ ရိက္ခာပို့ရန် ထွက်လာ သည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မြိုင်မြို့နယ် ကျောင်းကုန်းကျေးရွာအနီး အရောက် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၇ ဦးခန့်အပြင်းအထန် ထိခိုက်ဒဏ်ရာ ခဲ့ကြောင်း၊ ထို့အပြင် ရိက္ခာပို့စစ်ကားတစ်စီးလည်း မီးလောင်ကာ၊ ကျန်တစ်စီးမိုင်းထိ ပျက်စီးခဲ့ ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၇ နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် တစ်ကြိမ် ယင်းအကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး မျက်မြင်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုပြင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာပို့ စစ်ကြောင်းကို မြိုင်ပကဖ မှ ဒရုန်းများဖြင့် အီနာဂါ ဗုံး မြောက်များစွာ အသုံးပြုပြီး စဉ်ဆက်မပျက် တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိ သူတစ်ဦး က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း၊တပ်စု၊ တပ်စိတ်များ နှင့် ပခုက္ကူခရိုင် တပ်ရင်း ၂ တပ်ရင်း ၆ တပ်ရင်း ၇ တပ်ရင်း ၁၇ တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာ အသေးစား ရရှိခဲ့ကြောင်း သိရသည်။

အထိနာနေသော အကြမ်းဖက်သားများသည် ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ၊ ပြည်သူ့ အိုး အိမ်များကို မီးရှိဖျက်ဆီးခြင်းများလုပ်ဆောင်လာနိုင်ပါသဖြင့် ပြည်သူများအနေနှင့် စစ်ကြောင်း သတင်းကို နားစွံ့၍ စစ်ရေးသတိဖြင့်နေနိုင်ပါရန် မြိုင်ပကဖမှ တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article