25 C
Yangon

ရန်ကုန်ထိုင်းသံရုံးတွင် အလည်ဗီဇာလျှောက်သူများ ကြိတ်ကြိတ်တိုးနေသည့်အပြင် လေယာဉ်လက်မှတ်များလည်း ရောင်းစရာမရှိသည်အထိဖြစ်နေ

Must read

နိုင်ငံကူးလက်မှတ်လျှောက်ထားသူများလည်း စုပြုံတိုးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရန်ကုန်ထိုင်းသံရုံးတွင် အလည်ဗီဇာလျှောက်သူများ ကြိတ်ကြိတ်တိုးနေသည့်အပြင် လေယာဉ်လက်မှတ်များလည်း ရောင်းစရာမရှိသည်အထိဖြစ်နေကြောင်း ခရီးသွားအေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကြေညာပြီးနောက် ထိုင်းနိုင်ငံသို့ အလည်အပတ်ဖြင့် သွားရောက်ရန် ဗီဇာလျှောက်ထားသူများ အလွန်များပြားလာခြင်းဖြစ်ကြောင်း၊ ထို့ပြင် လေယာဉ်လက်မှတ်ဝယ်ယူမှုမှာလည်း အလွန်များပြားနေသည့်အပြင် ပြတ်လည်သည်အထိ ရောင်းချနေရကြောင်း၊ လေယာဉ်များမှာ ဘိုကင်ပင် တင်၍ မရတော့ဘဲ ချက်ချင်းငွေချေ၊ ချက်ချင်းဝယ်ယူနေရကြောင်း သိရှိရသည်။

“ထိုင်းသံရုံးအပြင်မှာလည်း လူအုပ်ကြီးက ကြိတ်ကြိတ်တိုးနေတာပဲ။ အလည်အပတ်ဗီဇာလျှောက်ကြတာ။ ရာနဲ့ချီပေါ့။ ၂ လဗီဇာ လျှောက်ကြတာ အရမ်းကိုများနေတာ” ဟု ဗီဇာလျှောက်ထားသူတစ်ဦးက ရှင်းပြသည်။

အလားတူ နိုင်ငံကူးလက်မှတ်ရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ၊ လာရောက်ထုတ်ယူသများဖြင့် ပြည့်နှက်နေကြောင်း သိရှိရသည်။

“နိုင်ငံကူးလက်မှတ်လျှောက်ကြတာတော့ အများကြီးပဲ။ လျှောက်နေကြတာပဲ။ ပုံမှန်ထက်တော့ ပိုများတယ်။ လူပုံနေတယ်။ ထုတ်သူတွေရော လျှောက်သူတွေရော အတော့်ကို များတာ။ ပွဲစားတွေလည်း ဂွင်ဖြစ်နေကြတယ်။ ရန်ကင်းရုံးပတ်ပတ်လည်မှာ လူတွေ ဖွေးဖွေးကို လှုပ်နေတာပဲ” ဟု ယနေ့ နိုင်ငံကူးလက်မှတ် သွားရောက် လျှောက်ထားခဲ့သူတစ်ဦးကရှင်းပြသည်။

Photo- Facebook

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article