26 C
Yangon

စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည် ဖော်သူမှန်သမျှ စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ ရန်သူများအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူသွားမည်ဟု NUG အစိုးရ ကြေညာ

Must read

စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည် ဖော်သူမှန်သမျှ စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ ရန်သူများအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူသွားမည်ဟု NUG အစိုးရ ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည် ဖော်သူမှန်သမျှ စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ ရန်သူများအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူသွားမည်ဟု NUG အစိုးရက ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

အကြမ်းဖက် စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေ (စစ်မှုမထမ်းမနေရဥပဒေ)ကို အတင်းအကြပ် အသက်သွင်းပြီး အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လူပုဂ္ဂိုလ်မှန်သမျှနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်၍ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယင်းဥပဒေကို တရားမဝင်အသက်သွင်းခြင်းကြောင့် ပြည်သူလူထုကြုံတွေ့လာသည့် ဘေး ဒုက္ခများ လျော့နည်းစေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက် ဆက်တွဲ ကြေညာချက်များကိုလည်း လိုအပ်ချက်နှင့်အညီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အသိပေး ထားသည်။

စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနိုင်မှသာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ် လုံခြုံမှုနှင့် လွတ်လပ်မှုအပေါ် အဓမ္မခြိမ်းခြောက်ခံရမှုများမှ လွတ်မြောက်နိုင် မည်ဖြစ်ပြီး ပြည်သူလူထုတရပ်လုံးက တော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်ပေးကြပါရန်နှင့် တော်လှန် ရေး အင်အားစုအားလုံးအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားကြပါရန် NUG အစိုးရက တိုက် တွန်းထားသည်။

အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ကြိုးပမ်းနေသည့် တရား မဝင် အကြမ်းဖက် အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဋ္ဌာန်းခြင်း၊ အာဏာတည်ခြင်းဆောင်ရွက်ရန် အခွင့် အာဏာလုံး၀ မရှိကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီ ၁၀ ရက်နေ့မှစ၍ အာဏာတည်စေရမည်ဟု ထုတ်ပြန်လာခြင်းသည် တရားဝင်မှု အလျဉ်း မရှိ သည့် လုပ်ရပ်သာဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် လုံးဝ လိုက်နာရန်မလိုကြောင်း NUG အစိုးရ က အသိပေးထားသည်။

နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်မှုများကြုံတွေ့နေရသည့် အကြမ်းဖက်စစ်အုပ်စုသည် စစ်ပွဲအတွင်း ပြည်သူ လူထုကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မစေခိုင်းနိုင်ရန်နှင့် ပြည်သူ့အသက် အိုးအိမ်စည်း စိမ် ကို ခြိမ်းခြောက်၍ ၎င်းတို့စစ်အုပ်စု၏ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်မှာ ထင်ရှားကြောင်း NUG အစိုးရ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article