ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းတွေကို စစ်မှုထမ်းခိုင်းဖို့ အရေးပေါ် စာရင်း ကောက်တဲ့ အထဲမှာ မီးသတ်တပ်ဖွဲ့ဝင်တွေကို အရင်ဦးဆုံး ဦးစားပေးပြီး ချက်ချင်း ခေါ်ယူမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (ဗဟို) သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ အောင်ချမ်းသာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ဖမ်းဆီးသွားတဲ့အပြင် မောင် ဝေယံဆိုတဲ့ လူငယ် ၁ ဦးကိုလည်း ပစ်သတ်သွားတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
- မန္တလေးတိုင်းက ဝမ်းတွင်းမြို့မှာ လူငယ်တွေကို စစ်တပ်ထဲ ဆွဲသွင်းနေတဲ့ ပြည်သူ့စစ်အမည်ခံ ပျူစောထီးခေါင်းဆောင် နန္ဒာကျော်ဆိုသူ ပစ်ခတ်ရှင်းလင်း ခံရပြီး သေသွားတဲ့အပြင် ၊ သူ့ဆီကနေ ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ပေမယ့် ကော်စေ့သေနတ်ကြီး ဖြစ်နေတယ်လို့ WTRF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကပြောဆိုထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar