35 C
Yangon

မံစီမြို့နယ်၊ ဂျယ်ခမ်း (စီခန်းကြီး) စစ်တပ် ဗျူဟာ စခန်းကို KIA၊ AA၊ KPDF ပူးပေါင်း တပ်ဖွဲ့ဝင်များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

Must read

မံစီမြို့နယ်၊ ဂျယ်ခမ်း (စီခန်းကြီး) စစ်တပ် ဗျူဟာ စခန်းကို KIA၊ AA၊ KPDF ပူးပေါင်း တပ်ဖွဲ့ဝင်များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

■ စစ်တပ်က ဂျယ်ခမ်းရွာနှင့် သံတံတားရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဂျယ်ခမ်း (စီခန်းကြီး) အကြမ်းဖက် စစ်တပ် ဗျူဟာ စခန်းကို KIA၊ AA၊ KPDF ပူးပေါင်း တပ်ဖွဲ့ဝင်များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း KIA ၏ စစ်ရေးသတင်းရေးမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခလရ-၁၅ ၊ ၁၂၁ ၊ ၂၇၆ ၊ ၂၂၃ ပူပေါင်းတပ်များ တပ်စွဲထားသော မံစီမြို့နယ်၊ ဂျယ်ခမ်း(စီခန်းကြီး) စစ်တပ် ဗျူဟာ စခန်းကို KIA၊ AA၊ KPDF ပူးပေါင်း တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင် တိုက်ခိုက်နေပြီ အကြမ်းဖက် စစ်တပ်ကလည်း ဂျက်ဖိုက်တာဖြင့် ၁၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ထိ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများ နေထိုင်သည့် ဂျယ်ခမ်းရွာနှင့် သံတံတားရွာ တို့ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဂျယ်ခမ်း (စီခန်းကြီး) စစ်ခွေး ဗျူဟာ စခန်းကို KIA၊ AA၊ KPDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဒီနေ့ နံနက် ၆ နာရီမှာ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ ဒီနေ့ စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ဗုံးကျဲတာ ၁၄ ကြိမ် ရှိသွားပြီ ညနေ ၅ နာရီ ၃၀ မိနစ် အထိ တိုက်ပွဲပြင်းထန်နေဆဲပါ။ စစ်ခွေးတွေက ဂျယ်ခမ်းရွာထဲကို လေယာဥ်နဲ့ ဗုံးကျဲတာ ပြည်သူ ၅ ဦးသေသွားတယ်။ သံတံတား ရွာမှာလည်း ဗုံးကျဲတာ ပြည်သူ ၁ ဦးသေတယ်။ လေယာဉ်က တစ်နေကုန်ကျဲနေတာ တိုက်ပွဲက အခုညပိုင်းမှာ ငြိမ်နေတယ်” ဟု KIA ၏ စစ်ရေးသတင်းရေးမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article