38 C
Yangon

မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီးစခန်းကို KIA နှင့်မဟာမိတ်များက တိုက် ခိုက်စဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးသေဆုံးပြီး အရပ် သား ၃၀ ကျော် ထိခိုက်ဒဏ်ရာရ

Must read

မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီးစခန်းကို KIA နှင့်မဟာမိတ်များက တိုက် ခိုက်စဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးသေဆုံးပြီး အရပ် သား ၃၀ ကျော် ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီးစခန်းကို KIA နှင့်မဟာမိတ်များက တိုက်ခိုက်စဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးသေဆုံးပြီး အရပ်သား ၃၀ ကျော် ထိခိုက်ဒဏ်ရာရကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန် ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင်လည်း မဟာမိတ် KIA နှင့် ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီ၏ “စီခမ်းကြီးစခန်း”ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ စစ်ကောင်စီက အဆိုပါ စစ်တပ် စခန်းမကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူများကို တစ်နေ့လုံး တောက်လျှောက်သုံးကာ ခုခံကာကွယ်နေသောကြောင့် တိုက်ပွဲသည် ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ စခန်းအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီက စစ်ရေးအရှုံးပေါ်တိုင်း အရပ်သားပစ်မှတ်၊ ရပ်ရွာများကို လေကြောင်းဖြင့် ဗုံးကျဲ ဦးတည်တိုက်ခိုက်သဖြင့် စီခမ်းကြီးရွာမှ ပြည်သူ ၅ ဦးသေဆုံးကာ အရပ်သား ၃၀ ကျော်အထိ ဒဏ်ရာရရှိခဲ့ကြောင်း၊ သံတံတားရွာမှလည်း ပြည်သူ ၁ ဦး လေယာဉ်က ကျဲချသော ဗုံးထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခလရ-၁၅ ၊ ၁၂၁ ၊ ၂၇၆ ၊ ၂၂၃ ပူပေါင်းတပ်များ တပ်စွဲထားသော မံစီမြို့နယ်၊ ဂျယ်ခမ်း(စီခန်းကြီး) စစ်တပ် ဗျူဟာ စခန်းကို KIA၊ AA၊ KPDF ပူးပေါင်း တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်တပ်ကလည်း ဂျက်ဖိုက်တာဖြင့် ၁၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ညပိုင်း အထိ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

“ဂျယ်ခမ်း (စီခန်းကြီး) စစ်ခွေး ဗျူဟာ စခန်းကို KIA၊ AA၊ KPDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ မနေ့ နံနက် ၆ နာရီမှာ ထိုး စစ်ဆင်တိုက်ခိုက်နေပါတယ်။ မနေ့ စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ဗုံးကျဲတာ ၁၄ ကြိမ် ရှိသွားပြီ ညနေ ၅ နာရီ ၃၀ မိနစ် အထိ တိုက်ပွဲပြင်းထန်နေဆဲပါ။ စစ်ခွေးတွေက ဂျယ်ခမ်းရွာထဲကို လေယာဥ်နဲ့ ဗုံးကျဲတာ ပြည်သူ ၅ ဦးသေသွားတယ်။ သံတံတား ရွာမှာလည်း ဗုံးကျဲတာ ပြည်သူ ၁ ဦးသေတယ်။ လေယာဉ်က တစ်နေကုန်ကျဲနေတာ တိုက်ပွဲက မနေ့ ညပိုင်းမှာ ငြိမ်နေခဲ့တယ်” ဟု KIA ၏ စစ်ရေးသတင်းရေးမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article