36 C
Yangon

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်း ဆင့်ခေါ်မှုကို ရှောင်ရှားရန် လိုအပ်နေသော လူငယ်များကို အကူအညီနှင့် အကြံဉာဏ်များ ပေးအပ်မည်ဟု လွတ်လပ်သော CDM အင်အားစုက ကြေညာ

Must read

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်း ဆင့်ခေါ်မှုကို ရှောင်ရှားရန် လိုအပ်နေသော လူငယ်များကို အကူအညီနှင့် အကြံဉာဏ်များ ပေးအပ်မည်ဟု လွတ်လပ်သော CDM အင်အားစုက ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် စစ်မှုထမ်းဥပဒေကို ရှောင်ရှား၊ တုန့်ပြန်ရန် လိုအပ်သော အ ကူအညီ၊ အကြံဉာဏ်များကို လူငယ်များထံသို့ ပေးသွားမည်ဖြစ်ကြောင်း လွတ်လပ်သော CDM အင်အားစုမှ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနေဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တမရားမဝင် အကြမ်းဖက်ဖက်စစ်ကောင်စီသည် ပြည်သူအားလုံး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ခြိမ်း ခြောက်သော အဓမ္မ စစ်မှုထမ်းဥပဒေကို အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် နေ့ တွင် ပြဌာန်းပြီးနောက် အကြမ်းဖက်စစ်တပ်၏ လမ်းစဉ်အတိုင်း ပြည်သူများကို လက်နက်အား ကိုး ဖြင့် ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ အဓမ္မဖိအားပေးခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် စိုးရိမ်ပူပန်နေကြသော ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်း ဥပဒေကို ရှောင်ရှားရန်၊ တုံ့ပြန်ရန်အတွက် လိုအပ်သော အကြံဉာဏ်များ၊ အကူအညီများကို ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ပြည်သူတွေ အရမ်းစိုးရိမ်ပြီး ထိပ်ပြာနေရင် မှန်ကန်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းနိုင်မှာ စိုး ရိမ်တဲ့အတွက် တည်ငြိမ်မှုရအောင် စိတ်ချရတဲ့ တိုင်ပင်ဖော်အဖြစ် ကူညီပါ့မယ်၊ ဆက်သွယ်လာသူ တစ်ယောက်ချင်းဆီတိုင်းကို အချိန်ပေးဆွေးနွေးပြီး စစ်ကောင်စီထံမှာ စစ်မှုမထမ်းချင်တဲ့ ပြည်သူ တစ် ယောက်ချင်းစီတိုင်းရဲ့ ကိုယ်ပိုင်ဆန္ဒကို လေးလေးစားစားနားထောင်ပြီး တော်လှန်ရေးအဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက် လက်နက်ကိုင်တိုက်ခိုက်လိုတယ်ဆိုရင်လည်း ကြားကနေ စိတ်ချရတဲ့အဖွဲ့‌ တွေကို တဆင့်ခံချိတ်ဆက်ပေးမယ်၊ Page အတုတွေ၊ စစ်ကောင်စီဘက်က အယောင် ဆောင်အဖွဲ့ တွေဆီ မဆက်သွယ်မိအောင် ကာကွယ်ပေးချင်တာပါ” ဟု လွတ်လပ်သော CDM အင်အားစုမှ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနေဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လွတ်မြောက်နယ်မြေသို့ သွားရောက်လိုသူများကိုလည်း ပြည်တွင်းလွတ်မြောက်နယ်မြေများ၊ တော် လှန်ရေးဘက် တော်သားများ အားကောင်းရာဒေသများ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ စသည့် ပြည်ပတိမ်း ရှောင်လိုသူများကိုလည်း လက်တွ့ရင်ဆိုင်ရမည့် အခက်အခဲများကို သေချရှင်းပြကာ စိတ်ပိုင်း၊ ရုပ်ပိုင်း အကောင်းဆုံးပြင်ဆင်နိုင်ရန် ကူညီဆွေးနွေးပေးမည်ဖြစ်ကြောင်း သိရသည်။

“အားလုံးဆွေးနွေးပြီးရင်တော့ ကာယကံရှင် ကိုယ်တိုင်၊ မိသားစုအနေနဲ့ ကိုယ်တိုင်ညှစ်အား ရုန်းဖို့ အကောင်းဆုံးဆွေးနွေးပေးသွားရင်း တော်လှန်ရေးအတွက် အားတွေဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်” ဟု လွတ်လပ်သော CDM အင်အာစုမှ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနေဝင်းက ပြောဆိုသည်။

လွတ်လပ်သော CDM အင်အားစုထံမှ အကြံဉာဏ်များ ရယူလိုပါက Facebook page messenger သို့ ဖြစ်စေ၊ အောက်ပါ Telegram Linkများကို ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

လွတ်လပ်သော CDM အင်အားစု၏ တယ်လီဂရန် လင့်များမှာ

t.me/kyg2024

t.me/yph2633

t.me/maythu1027

t.me/LuckySnow1

t.me/Tharnge1990

t.me/fe21nix

တို့ဖြစ်ပြီး ယင်းတို့မှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မှ လူငယ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article