ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော် လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Ayadaw Drone Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မုံရွာမြိုနယ် နှင့် အရာတော်မြိုနယ် အစပ်ရှိ ရသေ့ကျောင်းအနီး ကားလမ်းမပေါ်တွင် ကုန်ကား ၁ စီးကို ၅ သိန်းကျပ်နှုန်းဖြင့် အတင်းအဓမ္မ ဆက်ကြေးကောက်ခံနေသော အင်အား ၆၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲများက ဒရုန်းဖြင့် လက်လုပ် ၁၆၀ မမ ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရသေ့ကျောင်း အတွင်းကို ဝင်ရောက် ထွက်ပြေးကြပြီး ညနေ နေစောင်းချိန် အထိ ထွက်မလာနိုင်တော့ဘဲ ထိခိုက်ဒဏ်ရာရရှိမှုကို စုံစမ်းဆဲဖြစ်ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force နှင့် Ayadaw Rocket ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ ၊မုံရွာခရိုင် တပ်ရင်း (၁၉) တိုပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ ပန်းရံရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများ လက်နက် သိုလှောင်ထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Flying Dragon Force အဖွဲထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်မှ ၉ နာရီ ၃၀ မိနစ် အထိ ရွှေဘိုမြိုနယ်၊ ပန်းရံရွာရှိ ပျူစောထီးများ လက်နက် ခဲယမ်း သိုလှောင်ထားသော နေရာကို တော်လှန်ရေး တပ်ဖွဲများက Drone ဗုံးသီး ၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း လက်နက် ခဲယမ်းများ ထားရှိရာ တည်နေရာကို ထိမှန် ကျရောက်ပေါက်ကွဲခဲ့ပြီး ခဲယမ်းများ မီးလောင် ပျက်ဆီးခဲ့ကြောင်း၊ ပန်းရံရွာ ပျူစေားထီး ခေါင်းဆောင် အောင်ကျော် နှင့် အပေါင်းပါများ ပြည်သူများ အပေါ် မတရား ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း၊ ပြည်သူပိုင် အိုးအိမ်ပစ္စည်းများကို လုယူ အနိုင်ကျင့်နေသည်ကို ပြည်သူအများမှ သတင်းပေးပိုမှုအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force ၊ Shwebo Crocodile ၊ ရွှေဘိုမြိုနယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ ၊မဟာမိတ်ဖြစ်သေား (BGS) Drone Force Ayadow ၊ Rocket (LPDF) Buffalo Soldiers Freedom Force ၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးအဖွဲ ၊သိခ်အားမာန်၊ဗိုလ်လင်းရောင် (ဒပယ) တန ၂ တပ်ပေါင်းစုတိုက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
