ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ရခိုင်ပြည်နယ်၊ မောင်တော၊ ပဲရွန်းတောင်ရှိ စစ်ကောင်စီတပ်စခန်းကို AA က တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း AA က ယမန်နေ့ ညပိုင်း သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၇ နာရီ အချိန်မှစတင်၍ မောင်တောမြိုနယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ၏ စခန်းကို ရက္ခိုင့်တပ်တော်က စတင်တိုက်ခိုက်ခဲ့ရာ ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် စခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း၊ တိုက်ပွဲအတွင်းစစစ်ကောင်စီက လေကြောင်းဖြင့် ၃ ကြိမ် တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား အလောင်း (၁၀) ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော စစ်သားများကို လိုက်လံ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့ နယ်များအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရပြီး စစ်ကောင်စီအနေဖြင့် လက်နက်ကြီး၊ လေကြောင်းမှ ရမ်းသန်းပစ်ခတ် တိုက်ခိုက်မှုများကိုသာ ပြုလုပ်လျက်ရှိကြောင်း၊ ထိုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာ နှင့် မြို့ အတွင်းရှိ လူနေအိမ်များမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း၊ ပျက်စီးခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ အိမ်မွေးတိရ စ္ဆာန်များနှင့် ကျွဲ၊ နွား တိုမှာ သေဆုံးမှုများ ရှိကြောင်း သိရှိရသည်။
AA က စစ်ကောင်စီတပ်များကို လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုအချိန်အထိ အညံ့မခံသော စစ်ကောင်စီ၏ စခန်းတိုင်းကို ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar