■ မူးယစ်ဆေးသယ်သည့်ကားက ဗိုလ်မှူးချုပ်တင်စိုး၏ ကားဖြစ်နေ
အကြမ်းဖက် မင်းအောင်လှိုင်၏ လူယုံ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ သားဖြစ်သူ ထံမှ မူးယစ်ဆေးဝါးမိသည့်အမှု ဗိုလ်ချုပ်များ ၀ိုင်းဝန်းဖုံးဖိခဲ့ကြရာမှာ ယခုနောက်ဆုံး မူးယစ်ဆေးဝါး မိသည့် ကားကို မောင်းနှင့်သူ ကားဒရိုင်ဘာစစ်သည်ကို အမှုပုံချ ဖမ်းဆီးပြီး ထွက်ပြေးခိုင်းကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် ရာထူးများ ရယူထားသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် မင်းအောင်လှိင်၏ လူယုံဖြစ်ပြီး အနာဂတ်တပ်ချုပ်အဖြစ်ပါ သတင်းထွက်နေသူလည်းဖြစ်သည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့်သည် နေပြည်တော်စစ်ရုံး၊ ဂိတ်အမှတ် ၁ သို ဖြတ်သန်းစဉ် ကားဒက်ရှ်ဘုတ်အတွင်းမှ သုံးစွဲနေသည့် မူးယစ်ဆေးဝါးအထုပ်တစ်ထုပ် တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးသည် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့် သုံးစွဲသည့် မူးယစ်ဆေးဝါးများဖြစ်ကြောင်း သိရှိရသည်။
မူးယစ်ဆေးဝါးကို သယ်ဆောင်လာသည့် ကားမှာ စစ်ထောက်ရုံးမှ လက် ထောက် စစ်ထောက်ချုပ် ၁ ဗိုလ်မှူးချုပ် တင်စိုး၏ ကားဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်မှူးချုပ် တင်စိုးသည် ဂျပန်နိုင်ငံတွင် စစ်သံမှူး ဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ သမီးဖြစ်သူ နန်းလင်းလဲ့ဦး ဂျပန် Toyo University တက်ရောက်နေစဉ် အစွမ်းကုန် လုပ်ကိုင်ပေးခဲ့သောကြောင့် ကျော်စွာလင်းက အထူးသဘောကျ ကြိုက် နှစ်သက်ခဲ့သူလည်းဖြစ်သည်။
ကျော်စွာလင်း စစ်ထောက်ချုပ်ဖြစ်သောအခါ ဗိုလ်မှူးကြီး တင်စိုးကို လက် ထောက်စစ်ထောက်ချုပ် ၁ ရာထူးဖြင့် ဗိုလ်မှူးချုပ် အဆင့်တိုးမြှင့်ကာ စစ်ရုံးသို ခေါ်ယူခဲ့သည်။
လက်ရှိတွင် ဗိုလ်မှူးချုပ် တင်စိုးသည် ပြင်ဦးလွင်တွင် ဥပဒေအရာရှိ သင်တန်းတက်ရောက်နေရသော်လည်း သင်တန်းတွင် နာမည်စာရင်းသာရှိပြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း၏ အမိန့်ဖြင့် စစ်ထောက်ချုပ်ရုံးမှာပင် ပြန်လည် တာဝန်ထမ်းခွင့်ရရှိနေသည်။ ဆရာမွေး တပည့်မွေး ဖြစ်ကြရာ မူးယစ်ဆေးဝါး မိသည့်အမှုအတွက် ဗိုလ်မှူးချုပ်တင်စိုးက သူ့ဆရာအတွက် ဝိုင်းဝန်း ဖုံးဖိပေး သည်။
ကျော်စွာလင်း၏ သားဖြစ်သူ အုပ်စိုးခန့် အတွက် မူးယစ်ဆေးဝါး သယ်ဆောင်ပေးသည့်ကားမှာ လက်ထောက်စစ်ထောက်ချုပ် ၁ ဗိုလ်မှူးချုပ် တင်စိုးကားဖြစ်ပြီး ကားဒရိုင်ဘာမှာ ကျော်စွာလင်း တိုင်းမှူးဘ၀ကတည်းက ယနေ့အထိ ကားမောင်းပေးနေသော လူယုံ စစ်သည် ကားဒရိုင်ဘာဖြစ်သည်။
မူးယစ်ဆေးဝါးများကို ဖမ်းမိသည်က ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဝင်း၏ အဝင်ဂိတ်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝင်း၏ စခန်းမှူး ဗိုလ်ချုပ် သိန်းဇော်ကလည်း ကားသမားစစ်သည်ကို ဟန်ပြ အချုပ်ထဲ ထည့်ပြ အရေးယူသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း အမိန့်ဖြင့် ကားသမားစစ်သည်ကို အရေးယူရန်ဟုဆိုကာ အောက်တပ်သို ပြန်လည် လွှပြောင်းပေးခဲ့ပြီး လမ်းတွင် ကားသမားမှာ ထွက်ပြေး လွတ်မြောက်သွားသည်။ တချိုသတင်းရင်းမြစ်များက ကားသမားစစ်သည်ကို နုတ်ပိတ်သည်ဟုလည်း ဆိုကြသည်။
မူးယစ်ဆေးဝါးအမှုသည် အရပ်ဘက်နှင့်စစ်ဘက်မှာပါ အမှုကြီးသည့် ပြစ်မှု အကြီးစားဖြစ်သည်။ သိုသော်လည်း ကျော်စွာလင်းကို အနာဂတ်တပ်ချုပ်အဖြစ် စစ်တပ်အတွင်း တစ်ပြေးနေရာ နေရာရရှိရေးအတွက် ဗိုလ်ချုပ်များက မူးယစ်ဆေးဝါးအမှုအတွက် အာဏာ အလွဲသုံးစားကာ အမှု ဖျောက်ပေးသည်။
စစ်ရုံးတွင် မူးယစ်ဆေးဝါးများ မိခဲ့သော်လည်း ကျော်စွာလင်း သားဖြစ်နေခြင်းကြောင့် ဗိုလ်ချုပ်များ ၀ိုင်းဝန်း ဖုံးဖိပေးခဲ့ကြသည်။ ဥပဒေအထက်တွင် ဗိုလ်ချုပ် များက နေရာယူပြခဲ့ကြသည်။
ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်း ဆင်း တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ဗိုလ်မှူးချုပ်ဘဝဖြင့် အလယ်ပိုင်းတိုင်း တိုင်းမှူး၊ ၂၀၂၀ ခုနှစ် မေလတွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပြီး စစ်ထောက်ချုပ်တာဝန်ကိုပါ ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(ကြည်း) အဖြစ် ၂၀၂၃ ခုနှစ်တွင် ပူးတွဲ တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar