26 C
Yangon

မံစီမြို့နယ်၊ ဂျယ်ခမ်းရွာကို စစ်တပ်က ၃ ရက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ရွာလုံးကျွတ် ပျက်စီးပြီး ပြည်သူ ၅ ဦးသေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဂျယ်ခမ်းရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရွာလုံးကျွတ် ပျက်စီးပြီး ပြည်သူ ၅ ဦးသေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မံစီမြို့နယ်၊ ဂျယ်ခမ်း (စီခန်းကြီး) အကြမ်းဖက် စစ်တပ် ဗျူဟာ စခန်းကို KIA၊ AA၊ KPDF ပူးပေါင်း တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ဂျယ်ခမ်းရွာကို လေကြောင်းဖြင့် ၁၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဂျယ်ခမ်းရွာကို လေကြောင်းဖြင့် အကြိမ် ၆၀ ကျော် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ စာသင်ကျောင်း အပါအဝင် ရွာလုံးကျွတ် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေ လေယာဥ်နဲ့ ဗုံးကျဲလို့ ဂျယ်ခမ်း (စီခမ်းကြီး) ရွာ တစ်ခုလုံး ရစရာမရှိအောင် နေအိမ်တွေ ပျက်စီး မီးလောင်ကုန်တယ်။ လေယာဥ်ဗုံးကျဲလို့ စာသင်ကျောင်းလည်းပျက်စီးသွားတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ဂျယ်ခမ်း (စီခန်းကြီး) ဗျူဟာ စခန်းကို KIA၊ AA၊ KPDF ပူးပေါင်း တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာနီ ၄၅ မိနစ်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article