29 C
Yangon

မံစီမြို့နယ်ရှိ စစ်အင်အား ၂၀၀ ကျော်ရှိသော စစ်ကောင်စီ၏ စီခမ်းကြီး ဗျူဟာ စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့် သေဆုံး ၊ လက်နက်ခဲယမ်းများ တောင်ပုံယာပုံရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီး ဗျူဟာ စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅၀ ခန့် တွေ့ရှိရကြောင်း KIA သတင်းရင်းမြစ်နှင့် People Defense Force – ShweGu မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်၍ ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ “စီခမ်းကြီး ဗျူဟာစခန်း”ကို AAKIASHWEGU နှင့် BAMAW KPDF မဟာမိတ်တပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင် စီက အဆိုပါ စစ်တပ် စခန်းမကျဆုံးစေရေးအတွက် လေ ကြောင်း ပစ်ကူများ တောက်လျှောက်သုံးကာ ခုခံကာကွယ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် အဆိုပါစခန်းကို AAKIASHWEGU နှင့် BAMAW KPDF မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

“အလောင်းတွေ့တာက ကျနော်တို့အဖွဲ့က ၁၅လောင်းလောက်တွေ့တယ်။ တခြားအဖွဲ့တွေက ဘယ်လောက်တွေ့တယ်မသိရဘူး။ တိုက်တာက AAKIASHWEGU နဲ့ BAMAW KPDF။ အလောင်းတွေ့တာကို အဖွဲ့တစ်ခုချင်းစီက စာရင်းပေါင်းကြည့်မှ အကုန်ဘယ်လောက်သိနိုင်မှာ။ လက်နက်တွေလည်း သိမ်းဆည်းရရှိတာများတယ်။ စစ်တပ်က လေယာဉ်နဲ့ တအား ဗုံးကျဲတယ်” ဟု People Defense Force – ShweGu မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ KIA သတင်းရင်းမြစ်ကလည်း စီခမ်းကြီး ဗျူဟာ စခန်းမှ စစ်သား အလောင်း ၄၀ ကျော်တွေ့ရှိရကြောင်း ပြောဆိုသည်။

“စကစ တပ် ၄၀ ကျော်သေတယ်။ လက်နက်ခဲယမ်းတော်တော်များများသိမ်းရမိထားတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီးဗျူဟာစခန်းကို KIA နှင့်မဟာမိတ်များက တိုက်ခိုက်စဉ် ဖေဖော်ဝါ ရီလ ၁၇ ရက်နေ့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးသေဆုံးပြီး အရပ်သား ၃၀ ကျော် ထိခိုက်ဒဏ်ရာရ ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article