25 C
Yangon

ပခုက္ကူမြို့နယ်၊ ပခုက္ကူ -ရေစကြိုလမ်းပိုင်းတွင် မိုင်းလာဖြုတ်သည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ ပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရ

Must read

ပခုက္ကူမြို့နယ်၊ ပခုက္ကူ -ရေစကြိုလမ်းပိုင်းတွင် မိုင်းလာဖြုတ်သည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ ပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ – ရေစကြိုလမ်းပိုင်းတွင် မိုင်းလာဖြုတ်သည့် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတိုက်ခိုက်ခဲ့ရာ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း TATY-PKU PDF တာဝန်ခံ ဗိုလ်လီယို ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန် ပခုက္ကူမြို့မှ ခရီးသည်တင်ကားများဖြင့် လိုက်လာပြီး မိုင်းလာဖြုတ်သည့် စစ်ကောင်စီတပ်သား ၇ ဦးခန့်ကို မိုင်းပွိုင့် ၂ ခုဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရစစ်ကောင်စီတပ်သား ၂ ဦးကို ပခုက္ကူမြို့ထဲသို့ လူနာတင်ကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“သူတို့ကခရီးသည်တင်ကားတွေနဲ့ လိုက်လာပြီး မိုင်းဖြုတ်မယ့်အနီးအနားကို မီးရှို့တယ်ဗျ၊ ကျနော် တို့ကလည်း ရှေ့ပွိုင့် ၂ ပွိုင့်အဖြုတ်ခံပြီးနောက်ပွိုင့် ၂ ပွိုင့်ဆွဲ ခဲ့ပါတယ်၊ နှစ်ကောင်ပလက်လန်သွား တာတော့မြင်လိုက်တယ်၊ အခင်း ဖြစ်ပြီးတော့ ပခုက္ကူမြို့ထဲကနေ လူနာတင်ကားနှစ်စီး ပခုက္ကူ တပ်မ ၁၀၁ ထဲကို သယ်သွားပါတယ်၊” ဟု TATY-PKU PDF တာဝန်ခံ ဗိုလ်လီယို ကရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို TATY PKU PDF ပကဖ တပ်ခွဲ ၂ နှင့် နဂါးညီနောင် ပကဖ ရေစကြို တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article