25 C
Yangon

ပြည်မြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေး အိမ်ရာကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု လူနာတင်ကားများဖြင့် ဝင်ရောက်သွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း၊ ပြည်မြို့ရှိ စစ်ဘက်ရေးလုံခြုံရေးတပ်ဖွဲ့(စရဖ)၏ အိမ်ရာကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Pyay Urban Force မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ပြည်မြို့ စရဖ အိမ်ရာကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိနိုင်ကြောင်း၊ လူနာတင်ကားများ ရွှေတောင်ဘက်မှ မောင်းနှင်သွားကြောင်း Pyay Urban Force သတင်းရင်းမြစ်က ရှင်းပြသည်။

“ပြည်မြို့ စရဖ အိမ်ယာကို မိုင်း ၈လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ ရွှေတောင်ဘက်က နေ လူနာတင်ကားတွေ မောင်းသွားတယ်။ ထိခိုက်မှု အများအပြားရှိနိုင်ပါတယ်။ တိုက်ခိုက်မှုကို Pyay Urban Force က တိုက်ခိုက်ခဲ့ပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်မြို့အခြေစိုက် Pyay Underground News-PUGN ကလည်း ယနေ့ နံနက်အစောပိုင်း ပြည်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားမှု မှန်ကန်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။

“ကျနော်တို့ သတင်းတင်ထားပါတယ်။ ဗုံးကွဲတာ မှန်ပါတယ်။ ပြည်မြို့မှာ မနက် ၄ နာရီလောက်က ကညနရုံးအနောက်ဘက်မှာ ဗုံး ၃ လုံးနဲ့ နောက်တစ်နေရာမှာ ၁ လုံး စုစုပေါင်း ဗုံး ၄ လုံးပေါက်ကွဲခဲ့ပါတယ်။ ထိုဗုံးပေါက်ကွဲမှုကြောင့် ပြည်မြို့တွင်းမှာ စစ်ဆေးမှုတွေ တင်းကြပ်နေမှာဖြစ်ပြီး ပြည်သူများ အထူးဂရုစိုက်ကြပါ” ဟု Pyay Underground News-PUGNမှ တာဝန်ရှိသူက ပြောဆိုသည်။

ဓာတ်ပုံ – ပြည်မြို့တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- CJ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်မြို့တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article