25 C
Yangon

ပြည်မြို့ရှိ မှုခင်းရဲတပ်ဖွဲ့ (CID) အိမ်ယာဝန်းအတွင်း ဗုံးခွဲတိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံးပြီး ၁၀ ဦး ထက် မနည်း ဒဏ်ရာရ

Must read

ပြည်မြို့ရှိ မှုခင်းရဲတပ်ဖွဲ့ (CID) အိမ်ယာဝန်းအတွင်း ဗုံးခွဲတိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံးပြီး ၁၀ ဦး ထက် မနည်း ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း၊ ပြည်မြို့ရှိ မှုခင်းရဲတပ်ဖွဲ့ (CID) အိမ်ယာဝန်းအတွင်း ဗုံးထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ထုတ်လုပ်ရေးနှင့် အထူး စစ်ဆင်ရေး ဒုတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီခန့်က ပြည်မြို့၊ ကညနရုံး အနောက်ဘက် မှုခင်းရဲတပ်ဖွဲ့တန်းလျားအတွင်းသို့ ဗုံး ၈ လုံးဆင်ပြီး ရှေ့ဆင့်နောက်ဆင့် ဖောက်ခွဲတိုက်ခိုက်ရာ မှုခင်းရဲတပ်ဖွဲ့ (CID) ရဲ ၁ ဦးသေဆုံးပြီး ရဲနှင့် စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော့်ညီတွေ အကူအညီလိုလို့ ကျွန်တော်ကိုယ်တိုင် မိုင်းတွေဆင်ပြီး ကိုယ်တိုင်သွားချခဲ့တာ ပြည်မြို့ စရဖ အိမ်ယာကို မိုင်း ၈ လုံးနဲ့ ဖောက်ခွဲတိုက်ခဲ့တာ ရွှေတောင်ဘက်ကနေ လူနာတင် ကားတွေနဲ့ လာသယ်တယ်”ဟု ရန်ကုန်မြောက်ပိုင်းခရိုင်ထုတ်လုပ်ရေးနှင့် အထူးစစ်ဆင်ရေးဒုတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Rangoon Urban Force နှင့် Pyay Urban Force အဖွဲ့တို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article