26 C
Yangon

နတ်မောက်မြို့နယ်၊ ကျောက်ဆည်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

နတ်မောက်မြို့နယ်၊ ကျောက်ဆည်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်ဆည်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ ကျောက်ဆည်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်‌ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက တစ်ဖက်ပွင့်ပြောင်း၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ဒီကောင်တွေက ရွာမှာ အထိုင်စခန်းချပြီး ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့အပြင် ကျေးရွာသား ၁ ဦးကို ဖမ်းပြီး ရွှေ ၁ ကျပ်သား ငွေသိန်း ၁၅၀ နဲ့ ပြန်ရွေးခိုင်းတာတွေကြောင့် ‌ေတော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့တာ” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါးပြေမပျောက်ကျားတပ်ဖွဲ့၊ အောင်ဆန်းလမ်းတော်လှန်ရေးတပ်ဖွဲ့၊ နတ်မောက်မြို့နယ်နှင့် ကျားသစ်နက်ပျောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ဆက်လက် ဖော်ဆောင်နိုင်ရန် အတွက် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီ ‌ထောက်ပံ့ပေးကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article